Oppo Find 9 လာမည်

Oppo က ယခုနှစ် ပထမနှစ်ဝက်မှာ Find 9 ကို မိတ်ဆက်မယ်လို့ သတင်းများတရုတ်နိုင်ငံကနေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ယခင်တုန်းကလည်း မတ်လမှာ ကြေညာမယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ ကုမ္ပဏီရဲ့ အရာရှိတစ်ဦးက ဖိုရမ်တစ်ခုမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဖိုရမ် ကျင်းပတဲ့ တည်နေရာနဲ့ ဖိုရမ် အမည်ကိုတော့ မသိရပါဘူး။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ Oppo Find 9 မှာ Qualcomm Snapdragon 835 SoC မောင်းနှင်မှာ ဖြစ်ပါတယ်။ ထိတွေ့မျက်နှာပြင် အမျိုးအစားကတော့ QHD Display ဖြစ်မယ်လို့ သိရပါတယ်။ 6GB RAM သို့မဟုတ် 8GB RAM တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ 128GB Internal Storage ထည့်သွင်းထားမယ်လို့ သိရပါတယ်။ Oppo Find 9 မှာ Find OS လို့ အမည်ပေးထားတဲ့ ဥာဏ်ရည်တု ( Artificial Intelligence ) နည်းပညာ အသစ်တစ်ခု ထည့်သွင်းပေးထားပါတယ်။

ref : gsm arena

Comments

comments

Top