သာမာန် မျက်နှာပြင်ကို ထိတွေ့မျက်နှာပြင် အဖြစ် ပြောင်းပေးမယ့် AirBar

MacBook Air User များအတွက် လက်တော့ရဲ့ သာမာန် မျက်နှာပြင်ကို ထိတွေ့မျက်နှာပြင် အဖြစ် ပြောင်းပေးမယ့် ထူးခြားဆန်းသစ်တဲ့ နည်းပညာ ထုတ်ကုန်တစ်ခုကို CES မှာ မိတ်ဆက်လိုက်ပါတယ်။ AirBar လို့ အမည်ပေးထားပြီး တုတ်ချောင်း ပုံသဏ္ဍာန် ဖြစ်ပါတယ်။

AirBar ကို လက်တော့ရဲ့ USB Port နဲ့ ချိတ်ဆက်ပြီး စကရင်ရဲ့ အောက်ခြေမှာ သံလိုက်နဲ့ ကပ်ထားရမှာ ဖြစ်ပါတယ်။ သူက မော်နီတာ အပေါ်မှာ မမြင်ရတဲ့ အလင်းရောင်ကို ထုတ်လွှင့်ပေးပါတယ်။ အလင်းရောင်ကို လက်နဲ့ ထိတဲ့ အခါမှာ ထိတွေ့မျက်နှာပြင် အဖြစ် အသုံးပြုလို့ရတာ ဖြစ်ပါတယ်။

“ MacBook Air Users များက ဒီထုတ်ကုန်ကို နှစ်သက်ကြမှာပါ။ သူက MacBook Air လို အကောင်းစား လက်တော့ကို ပိုမို ကောင်းမွန်အောင် အားဖြည့်ပေးပါတယ်။ အနာဂတ်မှာ အခြား Device များအတွက်လည်း ဖန်တီးပေးမှာ ဖြစ်ပါတယ်။ “ လို့ တီထွင်သူက ပြောပါတယ်။

ဝင်းဒိုးအတွက် AirBar ကို ဒီဇင်ဘာလက မိတ်ဆက်ခဲ့ပြီး MacBook Air အတွက် CES မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ၂ ခု စလုံးကို Neonode ၀က်ဆိုက်ကနေ ၆၉ ဒေါ်လာဖြင့် ၀ယ်ယူနိုင်ပါတယ်။

ref : the next web

Comments

comments

Top