ရွှေသမီး က အိုင်ဖုန်း ခရေဇီ ပါတဲ့ ..။ - DigitalTimes.com.mm

ရွှေသမီး က အိုင်ဖုန်း ခရေဇီ ပါတဲ့ ..။

သရုပ်ဆောင်လောကထဲကို အနုပညာပျိုးခင်းနဲ့ စဝင်ရောက်ခဲ့ပြီး အခုဆိုပရိတ်သတ်က အသိအမှတ်ပြုလာတဲ့ မင်းသမီးတစ်ယောက်အဖြစ် ထင်ရှားလာသူကတော့ရွှေသမီးပဲဖြစ်ပါတယ်။ ရွှေသမီးနဲ့တွေ့တုန်း သူမရဲ့ အနုပညာလှုပ်ရှားမှုနဲ့ IT ပစ္စည်းလေးတွေအကြောင်းကို အခုလိုမေးမြန်းခဲ့ပါတယ်။

Q. လတ်တလောညီမလေးရဲ့ အနုပညာလှုပ်ရှားမှုကို ပြောပြပေးပါလား။
လတ်တလောမှာ “သားပိုက်ကောင်” ဆိုတဲ့ရုပ်ရှင်ကားကြီးရိုက်နေပါတယ်။ ဒါရိုက်တာကတော့ ကိုစတီး(ဒွေးမေတ္တာ)၊ ပါဝင်တဲ့သရုပ်ဆောင်တွေက ကိုထွန်းထွန်း၊ မကြီးစိုး(စိုးမြတ်သူဇာ)၊ ဦးဒိန်းဒေါင်နဲ့ တစ်ခြားအနုပညာရှင်တွေလည်းပါပါတယ်။

Q. ဒီရုပ်ရှင်ကားကြီးမှာ ညီမလေးပါဝင်ရတဲ့ ကာရိုက်တာကိုပြောပြပေးပါလား။
မယ်ယဉ်ကျေးဆိုတဲ့ မျက်စိအထူးကုဆရာဝန်မလေး ရိုးသားတဲ့ကောင်မလေးပုံစံ သရုပ်ဆောင်ထားပါတယ်။

Q. ဒီကားပြီးရင်နောက်ထပ်ဘာတွေ လက်ခံထားလဲ။
ဗွီဒီယို (၂)ကားရိုက်ဖို့လက်ခံထားပါတယ်။ပြီးရင်ရုပ်ရှင်ကားကြီးတွေ ဆက်တိုက်ရိုက်သွားဖို့လည်းရှိပါတယ်။

Q.  ပျိုးခင်းနဲ့လက်တွဲတာရော ဘယ်လောက်ရှိသွားပြီလဲ။
ပျိုးခင်းနဲ့လက်တွဲတာ ၂နှစ်ရှိပါပြီ ၂၀၁၇ ခုနှစ်၊ ၁၁လပိုင်းဆိုရင်ပြည့်ပါပြီ။

Q. ၂နှစ်တာဖြတ်သန်းခဲ့ရတဲ့ ကာလတွေကိုပြန်ပြီးသုံးသပ်မယ်ဆို ကိုယ်ကိုယ်ကိုအားရကျေနပ်မှုရှိရဲ့လား။
လွန်ခဲ့တဲ့၂နှစ်တာ ကာလအချိန်ထက်တော့ ကားရိုက်တွေ အများကြီးရိုက်လာရတယ်။ ပရိတ်သတ်နဲ့လည်း ပိုပြီးထိခွင့်ရလာတယ်။အများကြီးလည်း ကြိုးစားခွင့်ရခဲ့တယ်။

Q. ဘယ်လိုကာရိုက်တာတွေမှာ သရုပ်ဆောင်ရတာအားရလဲ။
ဒရမ်မာပိုင်းကိုတော့ ပို့ကြိုက်တယ်။ ညီမအတွက် ဟာသနဲ့ပတ်သက်ပြီး သရုပ်ဆာင်ရတာတော်တော်လေးခက်တယ်။ ပရိတ်သတ်ကိုရီအောင်လုပ်ရတာ ခက်တယ်။ ညီမကို ပရိတ်သတ်က လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးပုံစံလေး တွေနဲ့လိုက်တယ်လို့ ပြောကြတယ်။ညီမကတော့ ခက်ခက်ခဲခဲသရုပ်ဆောင်ရတဲ့ ကာရိုက်တာကိုပိုကြိုက်တယ်။

Q. သရုပ်ဆောင်မှုပိုင်းနဲ့ပတ်သက်ပြီး ဘာတွေလေ့လာဖြစ်လဲ။
အဓိကကတော့ရိုက်ကွင်းပေါ်မှာ ပိုပြီးတော့လေ့လာဖြစ်တယ်၊ဆရာတွေနဲ့တွဲပြီးသရုပ်ဆောင်တဲ့အခါမှာ အသေအချာလေးကြည့်တယ်။
သူတို့တွေဘယ်လိုသရုပ်ဆောင်လည်း ဘယ်လိုစကားပြောသွားလည်း  လေယူလေသိန်း ကအစလေ့လာရတယ်။ ကာရိုက်တာတစ်ခုချင်းတွေက မတူတော့ ကိုယ်အခန်းမပါလည်း သူတို့ရဲ့ သရုပ်ဆောင် တာတွေကို လေ့လာတယ်။ ရုပ်ရှင်များများကြည့်တယ်။

Q. အနုပညာလောကမှာ နာမည်ကောင်းနဲ့ရပ်တည်နိုင်ဖို့အတွက် ကိုယ်ကိုယ်ကို ဘယ်လို ထိန်းသိမ်း နေထိုင်ဖြစ်လဲ။
အနုပညာအလုပ်ကိုစလုပ်ကတည်းက plan လေးတွေချပြီးလုပ်ဖြစ်တယ်။အဝတ်အစားကအစ ပရိတ်သတ် အမြင်မှားသွားအောင် သိပ်မဝတ်ဘူး။
ခေတ်ဆန်တာ၊ ခေတ်လွန်မဖြစ်သွားအောင် ကားရိုက်ရင် သေချာလေးစဉ်း စားပြီးတော့ဝတ်ဖြစ်တယ်။
ခေတ်ဆန်တဲ့အဝတ်အစားတွေ ဝတ်ရမယ့်ကာရိုက်တာဆိုရင် အရမ်းပေါ်တာတွေမ ဝတ်ဘူး၊အရမ်းတိုတာလည်းမဝတ်ဘူး ၊အပြင်မှာဆိုရင်တော့ ကိုယ်ကလည်းလူငယ်ဖြစ်တဲ့အတွက် တစ်ခါတစ်လေ ဝတ်ဖြစ်ပါတယ်။ ကားရိုက်ကျတော့နည်းနည်း ဆင်ခြင်ရတာပေါ့။
ဓာတ်ပုံရိုက်တဲ့အခါမှာလည်း sexy ရိုက်ရင်လည်း အရမ်းပေါ်တာတွေ မဝတ်ဘူး၊ အဲလိုလေးတော့ ထိန်းဖြစ်တယ်။

Q. အခုလက်ရှိ ဘာဖုန်းကိုင်ထားလဲ။
ညီမက iPhone ပဲကိုင်ဖြစ်တယ်။အခု iPhone 6 plus ကိုင်ထားတယ်။ iPhone 7 တော့မကိုင်သေးပါဘူး။ လက်ဆောင်ရ ထားတာတော့ရှိပါတယ်။

Q. ဘာလို့ မကိုင်သေးတာလဲ။
ညီမရဲ့ ဖုန်းလေးကကောင်းသေးတယ်။ ညီမကနှမြှောတတ်တယ်။ အသစ်ထွက်တိုင်းသိပ်မကိုင်ဖြစ်ဘူး။ အခု သုံးနေတဲ့ဖုန်းလေး တစ်ခုခုဖြစ်သွားမှပဲ
နောက်ဖုန်းတစ်လုံးကိုင် ဖြစ်တာများတယ်။

Q. ဘာကြောင့် အိုင်ဖုန်း ကို ကိုင်ဖြစ်တာလည်း Andriod မကြိုက်လိုလား။
Android ကတော့ ကိုင်ရတာပိုလွယ်တယ်။ အိုင်ဖုန်း ကျတော့ security လုံခြုံတာကိုကြိုက်လို သုံးတာပါ။

Q. ဖုန်းထဲမှာ ဘယ်APP တွေသုံးတာများလဲ။
အဓိကကတော့ ဓာတ်ပုံပြင်တာသုံးတယ်။ ဖုန်းထဲမှာ APP တွေအများကြီး မသုံးဖြစ်ဘူး။

Q. တစ်နေ့တာမှာဖုန်းကို ဘယ်လိုတွေသုံးဖြစ်လဲ။
အင်တာနက်သုံးတယ်၊ ဖုန်းပြောတယ်။ ဂိမ်းဆော့တယ်။

Q. Laptop ရောသုံးဖြစ်လား။
Max book သုံးတယ်။ အဲဒါကလည်း ဓာတ်ပုံတွေ page မှာတင်ဖို့ အဓိကသုံးဖြစ်တယ်၊ ဓာတ်ပုံတွေသိမ်းထား ဖြစ်တယ်။

 

Comments

comments

Top