Dell က ၃၂ လက်မ 8K Monitor ကို မိတ်ဆက်

Dell က CES မှာ စွမ်းဆောင်ရည်မြင့် မော်နီတာ အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ UP3218K UltraSharp လို့ အမည်ပေးထားပြီး ၃၂ လက်မ အရွယ် ဖြစ်ပါတယ်။ မော်နီတာရဲ့ မျက်နှာပြင် Resolution မှာ 8K ဖြစ်ပါတယ်။ မော်နီတာက အရောင်ပေါင်း ၁.၀၇ ဘီလီယမ်ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ Adobe RGB နဲ့ sRGB Color ကို ၁၀၀ ရာခိုင်နှုန်း အထောက်အပံ့ပေးပါတယ်။

8K Resolutions ဟာ 7680×4320 Pixels ဖြစ်ပြီး 33 Megapixels နဲ့ ညီမျှပါတယ်။ 4K Resolution ရဲ့ ၄ ဆ ဖြစ်ပြီး Full HD Resolution ရဲ့ ၁၆ ဆ ဖြစ်ပါတယ်။ Nvidia 10-Series GPU က 60Hz နှုန်းဖြင့် 8K ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ UP3218K ရဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၄၉၉၉ ဖြစ်ပြီး အမေရိကန်မှာ မတ်လတွင် ရောင်းချမှာ ဖြစ်ပါတယ်။

ref : gsm arena

Comments

comments

Top