အရည်အသွေးမြင့် ကင်မရာ နဲ့ စွမ်းရည်မြင့် ဆမ်ဆောင်း Galaxy A 2017 စမတ်ဖုန်း မိတ်ဆက်

SAMSUNG မှအရည်အသွေးမြင့် ကင်မရာပါဝင်ပြီးစွမ်းဆောင်ရည်မြင့်မားသော Galaxy A 2017 မျိုးဆက်သစ်စမတ်ဖုန်းများ မိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ(၅)ရက်နေ့၊ ည(၆)နာရီမှ(၈) နာရီအထိ Chatrium Hotel မှာကျင်းပပြုလုပ်ခဲ့တယ်လို သိရပါတယ်။
.
သပ်ရပ်လှပသောဒီဇိုင်းနှင့် မြင့်မားသောစွမ်းဆောင်ရည်များပါဝင်ကာ အကောင်းဆုံး အသုံးပြုရလွယ်ကူစေရန် ပြန်လည်ဆန်းသစ် ဖန်တီးထားတဲ့ နောက်ဆုံးပေါ် Galaxy A မျိုးဆက်သစ်စမတ်ဖုန်းများဖြစ်တဲ့ အရွယ်အစား ၅.၇လက်မရှိတဲ့ A7 စမတ်ဖုန်းနဲ့ အရွယ်အစား ၅.၂လက်မရှိတဲ့ A5 စမတ်ဖုန်းများကို ဇန်နဝါရီလ(၈)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကြိုတင်မှာယူစနစ်ဖြင့် မှာယူနိုင်ပြီဖြစ်ပါတယ်။
.
Galaxy A5 ကို မြန်မာငွေ (၅၂၅,၀၀၀)ကျပ်၊ Galaxy A7 ကို မြန်မာငွေ(၆၂၅,၀၀၀)ကျပ်ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ SAMSUNG အရောင်းဆိုင်များမှာ ဝယ်ယူရရှိနိုင်ပြီလိုလည်း သိရပါတယ်။

Comments

comments

Top