Google Assistant ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို Android TV, Smartwatch နဲ့ ကားများမှာ ထည့်သွင်းမည်

Google က သူ့ရဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Assistant ကို Android TV, Android Wear Smartwatches များနဲ့ ကားများမှာ ထည့်သွင်းပေးမယ်လို့ ကြေညာပါတယ်။ Google Assistant ဟာ Apple Siri နဲ့ Amazon Alexa တို့ရဲ့ ပြိုင်ဖက်လည်း ဖြစ်ပါတယ်။ Android TV နဲ့ Android Marshmallow 6.0 နဲ့ သူ့အထက် မောင်းနှင်တဲ့ Set-Top-Box များမှာ Netflix မှ ရုပ်ရှင်နဲ့ တီဗီရှိုးများ ကြည့်ခြင်း၊ YouTube မှာ ရှာဖွေမှုများ ပြုလုပ်ခြင်းတို့လို အလုပ်များအား Assistant ကို အသံအမိန့်များဖြင့် ခိုင်းစေနိုင်ပါတယ်။

ဒါ့အပြင် စပီကာ၊ မီးလုံများလို စမတ် ကိရိယာများကိုလည်း Assistant ကနေ ထိန်းချုပ်နိုင်ပါတယ်။ သင့် မေးခွန်းများကိုလည်း Assistant က ဖြေဆိုနိုင်ပါတယ်။ ကားမှာ သီချင်းများနားဆင်ဖို့၊ တည်နေရာ လမ်းညွှန်မှုများ ကြည့်ဖို့ကိုလည်း အသံဖြင့် ခိုင်းစေနိုင်ပါတယ်။ “ Ok Google “ လို့ ပါးစပ်က ပြောပြီး ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို ဆင့်ခေါ်နိုင်ပါတယ်။ Assistant ကို Nvidia Shield, Xiaomi Mi Box, Android TV များအတွက် လာမယ့်လများမှာ အမေရိကန်တွင် ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။

ref : the next web

Comments

comments

Top