နေ့စဉ်လုင်ငန်းဆောင်တာတွေကို ကူညီလုပ်ကိုင်ပေးမယ့် စက်ရုပ် MoRo

Ewaybot လို့အမည်ရတဲ့ တရုတ်ပြည်က စက်ရုပ်ကုမ္ပဏီတစ်ခုဟာ လက်ရှိကျင်းပနေတဲ့ CES 2017 မှာ ၄င်းတို့ရဲ့ flagship စက်ရုပ်အသစ်ကို ပွဲထုတ်ပြသလိုက်ပါတယ်။

Image result for Moro robot

ဒီစက်ရုပ်ကို MoRo လို့အမည်ပေးထားပြီး မိုဘိုင်းစက်ရုပ်ဖြစ်တဲ့အတွက် indoor ရော outside မှာပါ စိတ်ကြိုက်စေခိုင်းနိုင်ပါတယ်။ အရာဝတ္ထုတွေကို ကိုင်နိုင်၊ ရွှေ့နိုင် ပြီး အသံနဲ့ ခိုင်းစေမှုကို နားထောင်နိုင်ရုံမက built-in ပါဝင်တဲ့ Intel RealSense camera က face detection ကိုလည်း ထောက်ပံ့ပေးမှာဖြစ်တဲ့အတွက် သခင်ရဲ့ မျက်နှာကိုလည်း မှတ်မိနေမှာဖြစ်ပါတယ်။

အရာဝတ္ထုတွေကို ကိုင်နိုင်တယ်ဆိုတဲ့ နေရာမှာလည်း ပုလင်းတွေနဲ့ စက္ကူ ၊ tissue တွေကိုကအစ ကိုင်နိုင်တယ်လို့သိရပါတယ်။

Image result for Moro robot

MoRo ရဲ့ အရပ်ဟာ (၄)ပေသာ မြင့်ပြီး အလေးချိန်ပေါင်(၈၀)သာရှိတဲ့အတွက် သယ်ယူပို့ဆောင်ဖို့လည်း သိပ်မခက်ခဲပါဘူး။ Battery ကလည်း အားအပြည့်သွင်းထားရင် (၈)နာရီကြာအသုံးခံတဲ့အတွက် လုပ်ငန်းခွင်အတွင်းမှာ မနားတမ်းခိုင်းစေရင်တောင် လုံလောက်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ (၃၀၀၀၀) လောက်ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref: Cnet

Comments

comments

Top