နောက် (၅) နှစ်အတွင်းမှာ မြင်တွေ့ရမယ့် ကားအတွင်းဒီဇိုင်းတွေကို BMW ပြသ

လက်ရှိ Las Vegas မှာကျင်းပလျက်ရှိတဲ့ CES 2017 မှာ ကမ္ဘာကျော် ဂျာမန် ဇိမ်ခံကား ကုမ္ပဏီ BMW က လာမယ့် (၅) နှစ်အတွင်းမှာ မြင်တွေ့ရမယ့် ကားအတွင်းဒီဇိုင်းအသစ်တွေကို ပြသလိုက်ပါတယ်။

ဒီဇိုင်းတွေကတော့ မှင်သက်စရာပါပဲ။ ခန့်ညားလှပတဲ့အပြင် ထိုင်ခုံတွေကလည်း ပိုမိုသက်သောင့်သက်သာ ရှိမယ့်အပြင် အနာဂတ်ရဲ့ HoloActive Touch display system က မနှစ်က CES ပွဲမှာ မြင်တွေ့ခဲ့ရဖူးတဲ့ AirTouch gesture control နည်းပညာကို ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

This slideshow requires JavaScript.

ဆိုလိုတာကတော့ ကားအတွင်းမှာပါဝင်တဲ့ Display တွေကို တို့ထိစရာတောင်မလိုပဲ လက်အမူအယာနဲ့တင် စိတ်တိုင်းကျ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ၄င်းမှာပါဝင်တဲ့ ကင်မရာက ကားမောင်သူရဲ့ လက်အမူအယာကို စောင့်ကြည့်ကာ အလိုအလျောက် ပြုလုပ်ပေးမှာဖြစ်ပါတယ်။

ဒီနှစ် CES ပွဲမှာတော့ BMW အနေနဲ့ HoloActive Touch ကို အဓိကအသားပေး ပြသတာဖြစ်ပြီး ရုပ်ရှင်တွေထဲမှာ တွေ့မြင်နေရတဲ့ Virtual Touch screen တွေကို လက်တွေ့ တွေ့မြင်နိုင်စေမယ့် နည်းပညာလည်းဖြစ်ပါတယ်။

Ref: the verge

Comments

comments

Top