Lenovo က ၂ မျိုးသုံး Miix 720 ကို မိတ်ဆက်

Lenovo က လက်တော့ ၊ တက်ဘလက် ၂ မျိုးသုံး ပီစီကို မိတ်ဆက်လိုက်ပါတယ်။ Miix 720 လို့ အမည်ပေးထားပြီး Microsoft Surface Pro 4 ကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဘယ်လိုအလုပ်မျိုးကို မဆို လုပ်နိုင်လောက်အောင် စွမ်းဆောင်ရည်မြင့်မားတယ်လို့ Lenovo က ပြောပါတယ်။

Lenovo Miix 720 မှာ Windows 10 ထည့်သွင်းထားပြီး Home or Pro ၂ မျိုး ရွေးချယ်နိုင်ပါတယ်။ ၁၂ လက်မ (2880×1920) Display ဆင်ထားပြီး အရွယ်ပြည့် ကီးဘုတ်ပါရှိပါတယ်။ ကီးဘုတ်ကို မျက်နှာပြင်မှာ ဖြုတ်၊ တပ်နိုင်တဲ့အတွက် လက်တော့လိုရော တက်ဘလက်လိုပါ သုံးနိုင်ပါတယ်။ အခြေခံ မော်ဒယ်မှာ ဒေါ်လာ ၉၉၉ ဖြစ်ပါတယ်။

Kickstand ပါရှိပြီး ၁၅၀ ဒီဂရီ ခေါက်ချိုးနိုင်ပါတယ်။ 16GB RAM , 1TB SSD တပ်ဆင်ထားပါတယ်။ Intel HD Integrated Graphics ထည့်သွင်းထားပါတယ်။ Windows Hello စွမ်းဆောင်ချက်ကို အသုံးပြုနိုင်တဲ့ Infrared Camera ကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။ အရှေ့ကင်မရာကို မျက်လုံးနဲ့ ကြည့်လိုက်တာနဲ့ ပီစီကို Login ၀င်နိုင်ပါတယ်။ အနောက်ဘက်မှာ 5 MP Camera တပ်ဆင်ထားပါတယ်။

USB 3.0 Port တစ်ခု ၊ USB 2.0 Port တစ်ခု နဲ့ microSD Card Slot တို့ ပါရှိပါတယ်။ တစ်ခါအားသွင်းထားရင် ၈ နာရီ အသုံးခံတယ်လို့ Lenovo က ပြောပါတယ်။ ထိတွေ့မျက်နှာပြင်မှာ ပုံဆွဲ၊ စာရေးနိုင်တဲ့ Active Pen 2 ဒစ်ဂျစ်တယ် ဘောပင်ကိုလည်း ထုတ်လုပ်ပေးထားပါတယ်။ သီးခြားဝယ်ယူရမှာ ဖြစ်ပြီး ဒေါ်လာ ၆၀ တန်ကြေးရှိပါတယ်။

ref : pocket lint

Comments

comments

Top