ပုံစံဆန်းသလို၊ အသံအရည်အသွေးပါကောင်းတဲ့ Fluance ရဲ့ ကြိုးမဲ့စပီကာအသစ်

အသံအရည်အသွေးကောင်းမွန်တဲ့စပီကာတွေကို ဈေးအသင့်အတင့်နဲ့ထုတ်လုပ်ရာမှာ နာမည်ကျော်ကုမ္ပဏီဖြစ်တဲ့ ကနေဒါအခြေစိုက် Fluance ကုမ္ပဏီဟာ၊  ဒီဇိုင်းအမိုက်စားကြိုးမဲ့စပီကာတစ်လုံးကို ထပ်မံထုတ်လုပ်လိုက်ပါတယ်။

Fluance Fi70 လို့အမည်ပေးထားတဲ့ ယခု Bluetooth စပီကာဟာ ၈လက်မအရွယ် အသံအိုးတွေပါတဲ့ ကမ္ဘာ့ပထမဆုံးကြိုးမဲ့စပီကာဖြစ်ပြီး၊ အရွယ်အစားကတော့ တော်တော်ကြီးမားတာကြောင့် ခရီးဆောင်စပီကာအဖြစ်သုံးဖို့ထက်၊ ဧည့်ခန်း၊အိပ်ခန်းထဲမှာ တပ်ဆင်အသုံးပြုတာက ပိုသင့်တော်မှာဖြစ်ပါတယ်။

Fluance က ထုတ်ထားတဲ့ တခြားကြိုးမဲ့စပီကာတွေလိုပဲ ယခု Fi70 စပီကာမှာလည်း ပြန်လည်အားသွင်းနိုင်တဲ့ဘက်ထရီ မပါဝင်တာကြောင့်၊ ပလပ်ပေါက်မှာထိုးပြီးတော့အသုံးပြုရမှာပါ။

ဝပ်အား ၂၈၀ ရှိတဲ့အသံချဲ့စက်ပါဝက်ပြီး၊ aptX နည်းပညာကြောင့် သီချင်းတစ်ပုဒ်ရဲ့ နုတ်တစ်ခုစီတိုင်း၊ စည်းချက်တစ်ခုစီတိုင်းကို ရသပြည့်ခံစားနားဆင်နိုင်မှာဖြစ်ပါတယ်။ Touch ထိန်းချုပ်စနစ်နဲ့ ဖြစ်ကာ၊ AM/FM ရေဒီယိုတွေလည်း နားဆင်နိုင်ပါတယ်။ နှိုးစက်အနေနဲ့အသုံးပြုနိုင်သလို၊ တခြား အီလက်ထရောနစ်ပစ္စည်းတွေ အားသွင်းဖို့အတွက်လည်း USB အပေါက်ပါရှိပါတယ်။

ရုပ်ရှင်၊ဂီတတွေကို အသံအရည်အသွေးကောင်းကောင်းနဲ့ နားဆင်ခံစားချင်သူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာကြောင့် ဈေးက ဒေါ်လာ ၅၀၀ လောက်ရှိပြီး၊ အဖြူရောင်နဲ့အနက်ရောင်ဆိုပြီး အရောင်နှစ်မျိုး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

Ref: Cnet

 

 

 

Comments

comments

Ye Wint
A perfect combination of cosmic dusts.
http://digitaltimes.com.mm/author/yewint/
Top