ကား တာယာဘီးတွေနဲ့ လုပ်ထားတဲ့ စက်ဘီး

တောင်တက် စက်ဘီးတွေ နဲ့ hybrid စက်ဘီးတွေမှာ သာမန်စက်ဘီးတွေထက် ပိုကြီးတဲ့ တာယာဘီးတွေ တပ်ဆင်တာ မြင်ဖူးကြပါလိမ့်မယ်။ ဒါပေမယ့် အခုလိုမျိုး ကားတာယာဘီးတွေ တပ်ဆင်ထားတဲ့ စက်ဘီမျိုးကိုတော့ ဘယ်သူမှ မမြင်ဖူးလောက်ပါဘူး။

ဒီ အထင်ကြီးလောက်စရာ တီထွင်မှုကို Mr.Mash ဆိုသူက တီထွင်လိုက်တာဖြစ်ပြီး BMX စက်ဘီးအဟောင်းကို ကားဘီ တစ်စုံနဲ့ တွဲဖက်တပ်ဆင်ကာ ဖန်တီးထားတာဖြစ်ပါတယ်။ ကားဘီးတွေကို စက်ဘီးမှာ အကောင်းဆုံး တပ်ဆင်ပြီး စမ်းသပ်စီးနင်းကြည့်ရမှာလည်း အဆင်ပြေတဲ့အတွက် ပိုပြီး စီးရလွယ်ကူကာ သက်သောင့်သက်သာ ရှိမယ့် စက်ဘီတစ်စီး ဖြစ်လို့လာပါတယ်။

ပထမဦးဆုံး စမ်းသပ်စီးနင်းခဲ့တဲ့ ဗီဒီယိုကို အောက်မှာ ဖော်ပြထားပါတယ်။

Comments

comments

Top