Huawei Mate 9 ကို မြန်မာပြည်တွင်ဝယ်လိုရပြီ

Huawei ရဲ့နောက်ဆုံးထွက်ထုတ်ကုန်သစ် Huawei Mate 9 ကို Smart Com mobile မှာဝယ်ယူနိုင်ပြီးလို့ သိရပါတယ်။

Huawei Mate 9 ဟာ Leica Dual Camera ကိုအသုံးပြုထားပြီး Ram 4GB နဲ့ Ram 6GB ဆိုပြီးနှစ်မျိုးဝယ်ယူ နိုင်ပါတယ်။Ram 4GB ကို Internal Storang 64GB ရရှိနိုင်ပြီး ဈေးနှုန်း(၉)သိန်းဝန်းကျင်နဲ့ဝယ်ယူနိုင်ပြီး Ram 6GB ကိုတော့ Internal Storang 128GB ဖြင့် ဈေးနှုန်း(၁၁)သိန်းဝန်းကျင်ဖြင့်ဝယ်ယူနိုင်ပြီလို့လည်း သိရပါတယ်။

Huawei Mate 9 ဟာ Dual Camera အမျိုးအစားဖြစ်ပြီး ကျောဘက်ကင်မရာနှစ်ခုက 12 mp+20mp ရှိပြီး အရှေ့ကင်မရာကတော့ 8mp ဖြစ်ပါတယ်။ကျောဘက်ကင်မရာနှစ်ခုမှာ ဆင်ဆာတစ်ခုကအဖြူအမည်းရိုက်ကူး နိုင်ပြီး အခြားတစ်ခုကတော့ကာလာဆင်ဆာ ဖြစ်ပါတယ်။ Battery 4000Amh ကိုအသုံးပြုထားတဲ့အတွက် ၂ရက်တာကာလကို အလွယ်တကူဖြတ်ကျော်နိုင်မှာ ဖြစ်ပါတယ်။

Android 7.0 နဲ့ EMUI 5.0 ကိုအသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ SD Card 256 ထိ ထပ်မံထည့်သွင်း အသုံးပြုနိုင်ပါတယ်။USB Type c ကိုအသုံးပြုထားပြီး  Finger print Sensor (လက်ဗွေစနစ်)က အနောက်ဘက်မှာထည့်သွင်းပေးထားပါတယ်။ Resoultion 1080 ×1920 pixels ကိုအသုံးပြုထားပြီး Dual Sim အမျိုးအစားဖြစ်ပါတယ်။မျက်နှာပြင် 5.9 လက်မရှိပြီး အရောင်အနေနဲ့ Champagne Gold ပဲဝယ်ယူနိုင်မှာ ဖြစ်တယ်။

Huawei Mate 9 ဝယ်ယူသူများအတွက် Official Warranty 1 year ပါပြီး Huawei Original Logo ပါကျောပိုးအိတ်အပြင် Power Bank ကိုလက်ဆောင်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

Ref : Huawei Myanmar

 

Comments

comments

Top