အိမ်ဖော်တစ်ယောက် လို အသုံးဝင်စေမယ့် စမတ်အ၀တ်လျှော်စက်

အခုလာမယ့် CES 2017 ပွဲမှာ စတင်ကြော်ငြာမယ်လို့ ခန့်မှန်းထားကြတဲ့ ဆမ်ဆောင်း ရဲ့ 4 in 1 လေးမျိုးသုံး အ၀တ်လျှော်စက်ကို လူတော်တော်များများ က စိတ်ဝင်တစား စောင့်ကြည့် အကဲခတ်နေကြတယ် လို့ သတင်းတွေက ဆိုပါတယ်။
.
ပြီးခဲ့တဲ့ နှစ်တွေက အဆန်းသစ်ဆုံး တီထွင်မှု ဆုတွေ ရရှိခဲ့ကြတဲ့ နည်းပညာတွေ ဖြစ်တဲ့ Flex Wash နဲ့ FlexDry Laundry စနစ်နည်းပညာ ၂ မျိုး ထည့်သွင်း ဖန်တီးထားတဲ့ အဲဒီအ၀တ်လျှော်စက် ဟာ စမတ်အ၀တ်လျှော်စက် အမျိုးအစား ဖြစ်ပြီး အ၀တ်လျှော်တာ ၊ လျှော်ပြီးအ၀တ်ကို ပြန်လည် သွေ့ခြောက်အောင် အခြောက်ခံနိုင်တာတွေအပြင် သွေ့ခြောက်ထားတဲ့အ၀တ်ကို ပေါင်းတင်ပြီး အတွင်းမှာ ပါရှိတဲ့ အပူချိန်နဲ့ ထိန်းညှိပြီး မီးပူတိုက်ပေးနိုင်တာမျိုးတွေအထိ လုပ်ပေးနိုင်စွမ်းရှိတယ် လို့ ဆိုပါတယ်။  စမတ်အ၀တ်လျှော်စက် လို့ ဆိုရတဲ့အကြောင်းရင်း ကတော့ ကိုယ်က ဘယ်နေရာမှာပဲ ရောက်နေတယ် ဖြစ်ပါစေ၊ ကိုယ့်အိမ်မှာသာ Smart Home ဖွဲ့စည်းမှု ရှိတယ် ဆိုပါက အဲဒီ Smart Home Application တွေနဲ့ ထိန်းချုပ်ပြီး မော်နီတာ မျက်နှာပြင်ကနေ တဆင့် ခိုင်းစေထားလို့ ရနိုင်ပါတယ်။ အဲဒီအတွက် ကိုယ် က အဝေးတနေရာ က ပြန်လာခဲ့ရင် အဆင့်သင့် လျှော်ပြီး၊ ဖွပ်ပြီး မီးပူတိုက်ပြီးသား ဖြစ်နေစေမယ် လို့ ဆိုလိုရင်း ဖြစ်ပါတယ်။
ces2016_flexwash__flexdry__main_1
.
၂၀၁၆ခုနှစ်နှောင်းပိုင်းမှာ ပေါ်ပေါက်လာတဲ့ စမတ်အ၀တ်လျှော်စက်အမျိုးအစား တွေလိုပဲ ဆမ်ဆောင်းရဲ့ အခု စက်ဟာလည်း Wash System နှစ်မျိုး ပါရှိပြီး ပစ္စည်းဝန်တာ လည်း သေးငယ်လှတဲ့အပြင် Laundry စနစ်အတော်များများ မှာ ကြုံရလေ့ရှိတဲ့ အ၀တ်တွေ အနံ့တမျိုး စွဲကပ်တာတွေ၊ အ၀တ်အထည်တွေ ပျက်စီးတာတွေမျိုးကို ရာခိုင်နှုန်း အများအပြား လျှော့ချနိုင်ခဲ့ပြီလို့ လေ့လာသူတွေ က ဆိုပါတယ်။

Ref : TheVerge

Comments

comments

Top