Samsung က CES မှာ Wireless Speaker, Soundbar နဲ့ UHD Blu-Ray Player များကို ပြသမည်

Samsung က CES မှာ Wireless Speaker, Soundbar နဲ့ UHD Blu-Ray Player များကို ပြသမည်

Samsung က CES မှာ မိတ်ဆက်မယ့် ထုတ်ကုန်အချို့ကို အကြို ပြသလိုက်ပါတယ်။ H7 Wireless Speaker မှာ Samsung ရဲ့ UHQ နည်းပညာပါပြီး အရည်အသွေးမြင့် အသံများကို ဖန်တီးပေးနိုင်ပါတယ်။ အရွယ်အစားသေးငယ်ပေမယ့် 35Hz Bass Frequencies ထုတ်လုပ်ပေးနိုင်ပါတယ်။ အသံအရည်အသွေး သာမက Samsung က H7 ရဲ့ ဒီဇိုင်းကို လှပအောင် ဖန်တီးထားပါတယ်။ သတ္တုဖြင့် တည်ဆောက်ထားပြီး ငွေနဲ့ ကျောက်မီးသွေးအရောင်များ ထုတ်လုပ်ပေးထားပါတယ်။

MS750 Soundbar မှာလည်း UHQ 32-Bit Audio နည်းပညာပါပါတယ်။ Soundbar အများစုဟာ Subwoofer များကို ကြိုးဖြင့် ချိတ်ဆက်ရပါတယ်။ Samsung ကတော့ Subwoofer ကို Soundbar ထဲထည့်ခြင်းဖြင့် ကြိုးရှုပ်ပြီး နေရာယူတဲ့ ပြဿနာကို ဖြေရှင်းပေးထားပါတယ်။

M9500 Ultra HD Blu-Ray Player မှာ အသံအရည်အသွေးသာမက HDR နည်းပညာဖြင့် အရုပ် အရည်အသွေးကိုလည်း အကောင်းဆုံး ခံစားနိုင်ပါတယ်။ Bluetooth ဆက်သွယ်မှုဖြင့် ဗီဒီယိုများ ကြည့်ရှုနိုင်တဲ့ နည်းပညာလည်း ပါပါတယ်။ အဲဒီထုတ်ကုန်များရဲ့ အသေးစိတ် သတင်းအချက်အလက်များကို CES မှာ သိရမှာဖြစ်ပါတယ်။

ref : digital trends

Comments

comments

Top