PIC and Embedded System ကို နားလည်ချင်တွေအတွက် နည်းပညာ မျှဝေမည်

PIC and Embedded System ကို အသုံးပြုနေတဲ့ သူတွေ အခုမှ စအသုံးပြုမယ့် သူတွေနဲ့ လုံးဝမသိသေးတဲ့သူတွေ ပါ တချိန်တည်း တနေရာတည်းမှာ တွေ့ဆုံပြီး နည်းပညာ မျှဝေကြ ဖလှယ်ကြဖို့ အတွက် လာမည့် ဇန်န၀ါရီ လ (၄) ရက်နေ့၊ မနက် (၁၀း၀၀ နာရီ မှ ညနေ ၅း၀၀) အထိ နည်းပညာဖလှယ်တွေ့ဆုံပွဲတစ်ခု ကို ချိန်းဆိုထားတယ် လို့ သိရပါတယ်။
.
Event ပြီးတဲ့အခါမှာလည်း
ရှေ့ဆက်ပြီး အတူတူ (စီးပွားဖြစ် ပရောဂျက် ၊ လူမှု အကျိုးပြု ပရောဂျက် ၊ အပျော်တမ်း ပရောဂျက်) လက်တွဲလုပ်ဆောင်နိုင်ဖို့ စီစဉ်ပေးထားပြီး Kanaugn Hub မှာ Open Hardware Corner ထားဖို့ စီစဉ်သွားမှာဖြစ်ပြီးတော့ မည်သူမဆို လာရောက် အသုံးပြုနိုင် မေးမြန်းနိုင်ဖို့ စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
.
ဆက်သွယ်ရမယ့် လိပ်စာ က Kanaung Hub Incubation Center, Building 14, 4 လွှာ , MICT Park, လှိုင်မြို့နယ်၊ ရန်ကုန်မြို့မှာ လာရောက် ဆက်သွယ်ရမှာ ဖြစ်တယ် လို့ သိရပါတယ်။

Comments

comments

Top