နှစ်သစ်အကြို ပျော်ပွဲရွှင်ပွဲ Public Festival ပွဲတော်ကို MPT မှ ပံ့ပိုးကူညီ

နှစ်သစ်အကြို ပျော်ပွဲရွှင်ပွဲ Public Festival ပွဲတော်ကို MPT မှ ပံ့ပိုးကူညီ

Nine Planets မှ စီစဉ်တဲ့ နှစ်သစ်အကြို Public Festival ပျော်ပွဲရွှင်ပွဲကို လာမယ့် ဒီဇင်ဘာ (၃၀) နဲ့ (၃၁) ရက်နေ့တွေမှာ ရန်ကုန်မြို့ ပြည့်သူရင်ပြင်မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး MPT မှ ပံ့ပိုးကူညီမှာဖြစ်တယ် လို့သိရပါတယ်။

အဆိုပါပွဲမှာ နာမည်ကျော်အနုပညာရှင်များရဲ့ အဆိုအကများ၊၊ အနုပညာခင်းကျင်းပြသမှုများ နဲ့ ပျော်ရွှင်ဖွယ်ရာ ကစားနည်းများ ပါဝင်မှာဖြစ်ပြီး ဝင်ကြေးအခမဲ့ဖြစ်တယ်လို့သိရပါတယ်။

ပထမနေ့မှာ Big Bag, iDiots, Reason, Antibiotic, Sarah, DJ Thaw Thaw, Jenny, Issni, Drive, Deficiency, Dusty Way, Room 502, ILLegal, Runaway Brides နဲ့ Violenz စတဲ့ အနုပညာရှင်များ ဖျော်ဖြေမှာဖြစ်ပြိး ဒုတိယနေ့မှာတော့ A letter from Caesar, Nightmare, Fever 109, No U Turn, Last Day of Beethoven, The Voice နဲ့ Extant တို့ပါဝင်မယ့် အပြင် Iron Cross Band မှလည်း ပါဝင် ကူညီအားဖြည့် ပေးမှာဖြစ်တယ်လို့လည်းသိရပါတယ်။

Comments

comments

Top