လည်ပင်းမှာ ချိတ်ထားနိုင်မယ့် LG ရဲ့  ကြိုးမဲ့ စပီကာ အသစ်

LG ကတော့ နောက်တစ်ပတ်အတွင်း Las Vegas မှာပြုလုပ်မယ့် CES 2017 မှာ ပွဲထုတ်ပြဖု့ပအတွက် ကြိုးမဲ့စပီကာ idea အသစ်တစ်ခုကို ယူဆောင်လာပြန် ပါပြီ။ ဒီစပီကာက ကိုင်သားစရာလည်းမလို တစ်ခုခုထဲ ထည့်ကာ  ယူဆောင်သွားစရာလည်းမလိုဘဲ လည်ပင်းမှာ အလွယ်တကူချိတ်ဆွဲသွားနိုင်မှာဖြစ်တဲ့အတွက် ဆန်းပြားတဲ့ idea အသစ်တစ်ခုလို့ ယူဆရမှာဖြစ်ပါတယ်။

LG ကတော့ ဒီ စပီကာ ဟာ အသုံးပြုသူတွေ ရုပ်ရှင်ကြည့်တဲ့အခါ၊ ဂိမ်းကစားတဲ့အခါနဲ့ သီချင်းနားထောင်တဲ့ အခါတွေမှာ surround sound အတွေ့အကြုံကို ပေးစွမ်းမှာဖြစ်တယ်လို့ အခိုင်အမာပြောဆိုထားပြီး LG TONE Studio အသစ်ရဲ့ feature တစ်ခုဖြစ်တဲ့ Hi-Fi DAC (Digital to Analog Converter) ပါဝင်တဲ့အတွက် အသံဖိုင်တွေရဲ့ မူရင်း အရည်အသွေးကို အပြည့်အဝ ပြန်လည်ဖန်တီးတယ်လို့လည်း သိရပါတယ်။

LG အနေနဲ့ အသုံးမပြုခင်မှာ လည်ပင်းမှာချိတ်ထားနိုင်မယ့် wireless earbuds တွေကိုလည်း မိတ်ဆက်မှာဖြစ်ပြီး ဖုန်းလာတဲ့ အခါတွေနဲ့ message ဝင်တဲ့အခါတွေမှာတော့ တုန်ခါမှုနဲ့ အသိပေးမှာဖြစ်တယ်လို့လည်းသိရပါတယ်။

LG ရဲ့ idea အသစ်အဆန်း နည်းပညာအသစ်အဆန်းတွေနဲ့ ဖန်တီးထားတဲ့ TONE audio products တွေကို ပရိသတ်တွေအနေနဲ့ စိတ်လှုပ်ရှားစွာ စောင့်မျှော်လျက်ရှိနေပြီ LG ကတော့ ဈေးနှုန်းနဲ့ စတင်ရောင်းချမယ့်နေ့ ကို မကြေညာသေးဘူးလို့သိရပါတယ်။

Ref: AndroidAuthority

Comments

comments

Top