၂၀၁၆ ခုနှစ်ရဲ့ အကောင်းဆုံး Graphics Card များ

ပီစီတစ်လုံးကို ကိုယ်တိုင်တည်ဆောက်ချင်တဲ့ လူများအတွက် သင့်တော်တဲ့ ဂရပ်ဖစ်ကဒ် (GPU) ကို ရွေချယ်တတ်ဖို့ အရေးကြီးပါတယ်။ ရွေးချယ်စရာ ဂရပ်ဖစ်ကဒ်များကလည်း အခုခေတ်မှာ များပြားပါတယ်။ သင်ရွေးချယ်တဲ့ ဂရပ်ဖစ်ကဒ်နဲ့ လိုက်ဖက်ညီတဲ့ အခြား ပီစီ အစိတ်အပိုင်းများကို ရွေးချယ်တတ်ဖို့လည်း လိုအပ်ပါတယ်။ Virtual Reality နည်းပညာကလည်း အရှိန်ရနေပြီ ဖြစ်တဲ့အတွက် အဲဒီ နည်းပညာကို ထောက်ပံ့တဲ့ ဂရပ်ဖစ်ကဒ်တွေဟာလည်း စဉ်းစားစရာ ဖြစ်လာပါပြီ။ ဒီဆောင်းပါးမှာ စွမ်းဆောင်ရည်မြင့်၊ စွမ်းဆောင်ရည်သင့်နဲ့ တန်ဖိုးနည်း ဂရပ်ဖစ်ကဒ်များကို ဝေဖန်သုံးသပ်ပေးလိုက်ပါတယ်။

Best high-end GPU: Nvidia GeForce GTX 1080
%e1%81%81

Stream Processors: 2,560 | Core Clock: 1,607MHz | Memory: 8GB GDDR5X |Memory Clock: 7,010MHz | Power Connectors: 1 x 6-pin, 1 x 8-pin | Outputs: 3 x DisplayPort, 1 x HDMI, 1 x DVI

4K Game များ ကစားချင်ရင်တော့ ဒီကဒ်ကို ရွေးချယ်ရမှာပါ။ Nvidia ရဲ့ Pascal Architecture ဖြင့် တည်ဆောက်ထားတဲ့ ကဒ်ပါ။ တည်ငြိမ်တဲ့ ဖရိမ်နှုန်း ရစေဖို့ အချို့ဂိမ်းများမှာ Graphics Settings ကို လျှော့ထားရမှာပါ။ ဒါပေမယ့် ခြုံပြောရရင် GTX 1080 ဟာ 3840×2160 Pixels ကို ထောက်ပံ့ပေးပါတယ်။ ယခင်လို နောက်ဆုံးပေါ် ဂိမ်းများကို ကစားဖို့ SLI Configuration မှာ ကဒ် ၂ ခု စိုက်စရာ မလိုတော့ပါဘူး။ GTX က တစ်ကဒ်ထဲနဲ့ 4K ကို ကိုင်တွယ်နိုင်ပါတယ်။

Best mid-range GPU: Nvidia GeForce GTX 1060
%e1%81%82
Stream Processors: 1,152; 1,280 | Core Clock: 1,506MHz; 1,594 | Memory: 3GB; 6GB GDDR5 | Memory Clock: 8,008MHz | Power Connectors: 1 x 6-pin | Outputs:1 x DisplayPort, 1 x HDMI, 1 x Dual Link-DVI

သူဟာ GTX 1070 နဲ့ 1080 တို့နဲ့ ဆင်တူပေမယ့် Nvidia ရဲ့ နောက်ဆုံးမျိုးဆက် GeForce 980 နဲ့ စွမ်းရည်တူညီတယ်လို့ ပြောလို့ရပါတယ်။ Full HD ကို ထောက်ပံ့တဲ့ တန်ဖိုးနည်း RX 480 နဲ့ ယှဉ်ဖို့ ထုတ်လုပ်ထားတာပါ။ GTX 1060 ဟာ စွမ်းဆောင်ရည်သင့်ပြီး Full HD ကို ထောက်ပံ့ပါတယ်။ 4K ကိုတောင် ကိုင်တွယ်နိုင်ပါတယ်။ စွမ်းဆောင်ရည်သင့်ပြီး စွမ်းအင် သိပ်မစားတဲ့ ကဒ်ကို လိုချင်ရင်တော့ ဒီကဒ်ဟာ အကောင်းဆုံးပါ။

Best entry-level GPU: AMD Radeon RX 460
%e1%81%83
Stream Processors: 896 | Core Clock: 1,210; 1,250MHz | Memory: 2GB; 4GB GDDR5 | Memory Clock: 7,000MHz | Power Connectors: None | Outputs: 1 x DisplayPort, 1 x HDMI, 1 x DVI

Nvidia ရဲ့ GTX 1050 နဲ့ 1050 Ti တို့လို နောက်ဆုံးထုတ် AMD ရဲ့ Polaris များဟာ ဈေးသက်သာပါတယ်။ RX 460 ဟာ Full HD Game ကို ထောက်ပံ့တဲ့ ဈေးအသက်သာဆုံး ကဒ်ဖြစ်ပါတယ်။ သူက စွမ်းအင်ကိုလည်း သိပ်မစားသုံးပါဘူး။ သူက Motherboard ကနေ သူ့ရဲ့ စွမ်းရည်အပြည့်အ၀ကို ထုတ်လုပ်နိုင်ပါတယ်။ HDR ကိုလည်း ထောက်ပံ့နိုင်ပါတယ်။

Our latest review: Asus ROG Strix GTX 1050 Ti
%e1%81%84
Stream Processors: 768 | Core Clock: 1,290MHz | Memory: 4GB GDDR5 |Memory Clock: 7,008MHz | Power Connectors: None | Length: 241mm | Outputs:1 x DisplayPort, 1 x HDMI, 1 x DVI

ဒီမျိုးဆက်ဟာ အောင်မြင်မှုများစွာ ရရှိနေပါတယ်။ Asus ROG Strix GTX 1050 Ti ဟာ Benchmark စမ်းသပ်မှုမှာ Full HD Game များကို ကောင်းစွာ ကိုင်တွယ်နိုင်ပါတယ်။ Overclock စွမ်းရည်ကလည်း အံ့မခန်း ဖြစ်ပါတယ်။ ဒီနှစ်ပိုင်းအတွင်းမှာ ဂရပ်ဖစ်ကဒ် မလဲရသေးတဲ့ လူများအတွက် သူက သင့်တော်ပါတယ်။ မဟုတ်ရင်တော့ 3GB GTX 1060 ကို ရွေးချယ်ပါ။

Ref : tech radar

Comments

comments

Top