(၂၀၁၇) ကစလို့ နှစ်စဉ် mobile game တွေထပ်မံထုတ်လုပ်ဦးမယ့် Nitendo

Pokemon Go ထက်တောင် ပိုမိုရေပန်းစားခဲ့တဲ့ Super Mario Run ရဲ့ တီထွင်သူဖြစ်တဲ့ Nitendo ဟာ လာမယ့် (၂၀၁၇) ခုနှစ်ကစလို့ နှစ်စဉ် mobile game တွေ ထပ်မံထုတ်လုပ်ဦးမှာဖြစ်တယ်လို့ သိရပါတယ်။

Nitendo အနေနဲ့ လာမယ့် (၂၀၁၇) ခုနှစ်ကစလို့ တစ်နှစ်ကို မိုဘိုင်းဂိမ်း (၂) ခု (သို့မဟုတ်) (၃)ခုကို နှစ်စဉ် ထုတ်လုပ်သွားမှာဖြစ်ပါတယ်လို့ Nitendo ကုမ္ပဏီရဲ့ ဥက္ကဌဖြစ်သူ Tatsumi Kimishima က နောက်ဆုံးပြုလုပ်ခဲ့တဲ့ interview တစ်ခုမှာပြောကြားခဲ့တာဖြစ်ပါတယ်။

ဂျပန် မီဒီယာ တစ်ခုဖြစ်တဲ့ Kyoto NP နဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ Kimishima က “ မိုဘိုင်းဂိမ်းဈေးကွက်ဟာ Nitendo ရဲ့ အဓိက စီပွားရေးလုပ်ငန်းခွဲတစ်ခုဖြစ်လာမှာပါ။ မိုဘိုင်းသုံးစွဲသူတွေအလွန်များပြားလာတဲ့အတွက် မိုဘိုင်းဂိမ်းတွေ ထုတ်လုပ်မှုဟာ ပရိသတ်ပိုမိုရလာနိုင်သလို ကုမ္ပဏီဝင်ငွေလည်းပိုမိုတိုးပွားလာနိုင်ပါတယ်။ ဒါဟာ လာမယ့် မတ်လမှာ ရောင်းချမယ့် Nintendo Switch console ကို အရောင်းမြှင့်တင်ဖို့ နည်းလမ်း တစ်ခုလည်း ဖြစ်လာမှာပါ” လို့ပြောကြားခဲ့ပါတယ်။

“Super Mario Run ကို ပြီးခဲ့တဲ့ December 15 ရက်နေ့ကစလို့ Apple App Store ပေါ်မှာ Download ရယူနိုင်စေခဲ့ပြီး အခုအချိန်မှာတော့ တစ်ကမ္ဘာလုံးမှာ Download ပြုလုပ်သူ သန်း(၅၀) ပြည့်ခဲ့ပါပြီ။ သန်း (၁၀၀) ဆိုတဲ့ မိုင်တိုင်တစ်ခု အထိ ရောက်ရှိလာဖို့ မျှော်လင့်ထားပါတယ်” လို့ ၄င်းက ဆက်လက်ပြောကြားခဲ့ကြောင်း သိရပါတယ်။

Ref: AndroidAuthority

Comments

comments

Top