Samsung Galaxy Note7 ကြောင့် လေယာဉ်ပေါ်မှာ အထိတ်တလန့်ဖြစ် - DigitalTimes.com.mm

Samsung Galaxy Note7 ကြောင့် လေယာဉ်ပေါ်မှာ အထိတ်တလန့်ဖြစ်

Virgin Airlines ရဲ့ လေယာဉ်တစ်စီးပေါ်မှာ Samsung Galaxy Note7 ကြောင့် အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။ တစ်စုံတစ်ယောက်က လေယာဉ်ရဲ့ WiFi Hotspot အမည်ကို Galaxy Note 7-1097 လို့ ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ လုံခြုံရေး ၀န်ထမ်းများလည်း ဗျာများကုန်ကြပြီး လေယာဉ်ကို ရှာဖွေ စစ်ဆေးခဲ့ကြပါတယ်။ ခရီးသည်များနဲ့ လေယာဉ်ဝန်ထမ်းများက လေယာဉ်ပေါ်မှာ ပေါက်ကွဲနိုင်တဲ့ Samsung Galaxy Note7 ပါလာတယ်လို့ ထင်နေကြပါတယ်။

လေယာဉ်ဝန်ထမ်းများက Note7 ပိုင်ရှင်ကို လေယာဉ်ပေါ်မှာ အထိတ်တလန့် ရှာဖွေခဲ့ကြပါတယ်။ လေယာဉ်ဟာ ဆန်ဖရန်စစ္စကိုကနေ ဘော့စတွန်ကို ပျံသန်းနေတာ ဖြစ်ပါတယ်။ လေယာဉ်မှူးက Note7 ကို မပေးအပ်ရင် အရေးပေါ် ရှာဖွေဖို့အတွက် အနီးဆုံး Wyoming လေဆိပ်မှာ ဆင်းသက်မယ်လို့ သတိပေးခဲ့ပါတယ်။

Samsung Galaxy Note7 ဟာ ဘက်ထရီပြဿနာကြောင့် မီးလောင်မှုများ ဖြစ်ခဲ့တဲ့အတွက် အမေရိကန်လေကြောင်း အာဏာပိုင်များက Note7 ကို လေယာဉ်ပေါ် ယူဆောင်လာမှုအား အောက်တိုဘာလက စပြီး ပိတ်ပင်ထားပါတယ်။ Samsung က Note7 များဟာ အန္တရာယ်ဖြစ်နိုင်တဲ့အတွက် ပြန်လည်သိမ်းဆည်းနေပေမယ့်လည်း မပေးအပ်သူများ ရှိနေပါသေးတယ်။ Samsung က ဆော့ဝဲဖြင့် Note7 များအား မသုံးပြု၍ မရအောင်လည်း လုပ်ဆောင်နေပါတယ်။

Ref : mashable

Comments

comments

Top