HTC က ဇန်နဝါရီ ၁၂ ရက်နေ့မှာ “သင့်အတွက်” တစ်စုံတစ်ရာ ကို မိတ်ဆက်မည်

HTC ကတော့ ပရိတ်သတ်တွေကို စိတ်လှုပ်ရှားအောင်ပြုလုပ်လိုက်ပြန်ပါပြီ။ ပုံမှာပြထားတဲ့အတိုင်း လာမယ့် ဇန်နဝါရီ (၁၂) ရက်နေ့မှာ တစ်စုံတစ်ရာကို မိတ်ဆက်ပေးမယ့်အကြောင်းကို “for U”  01.12.2017 ဆိုပြီး ကြေညာလိုက်ပါတယ်။

လာမယ့် (၂၀၁၇) လဆန်းပိုင်းမှာ ကမ္ဘာကျော် နည်းပညာပြပွဲကြီးနှစ်ခု ကျင်းပပို့ရှိနေပါတယ်။ ဇန်နဝါရီလ (၅) ရက်နေ့ကနေ (၈) ရက်နေ့ထိ Las Vegas မှာကျင်းပမယ့် CES (Consumer Electronics Show) 2017 နဲ့ ဖေဖော်ဝါရီလ (၂၇) ရက်နေ့ကနေ မတ်လ (၂)ရက်နေ့ထိ Barcelona မှာကျင်းပမယ့် MWC (Mobile World Congress) တို့ဖြစ်ပါတယ်။

ခု HTC announce လုပ်မယ့်နေ့ဟာ အဲ့ဒီ ပွဲနှစ်ခုရဲ့ ကြားကာလမှာဖြစ်တဲ့အတွက် ပိုမိုစိတ်လှုပ်ရှားစရာကောင်း နေတဲ့အပြင် “for U” ဆိုတဲ့ စကားလုံး လေးကလည်း ပရိတ်သတ်တွေကို အလွန် ဆွဲဆောင်လျက်ရှိနေပါတယ်။

ကမ္ဘာတစ်ဝှမ်းက နည်းပညာကုမ္ပဏီတွေဟာ CES 2017 မှာ ၄င်းတို့ရဲ့ နည်းပညာအသစ် ထုတ်ကုန်အသစ်တွေ ကို အပြိုင်အဆိုင် မိတ်ဆက်နိုင်ဖို့ အားခဲထားကြပြီး HTC ကတော့ သီးသန့် announce လုပ်မှာ ဖြစ်တဲ့ အတွက် ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းနေပါတယ်။

ဇန်နဝါရီ (၁၂) ရက်မတိုင်ခင်မှာ ဒီ ကြေညာမှုနဲ့ပတ်သတ်ပြီး ကောလာဟလတွေ နဲ့ သတင်းပေါက်ကြားမှုတွေ နဲ့ အတည်ပြုချက်တွေထပ်မံထွက်ရှိလာဦးမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Ref: AndroidPolice

Comments

comments

Top