iOS နဲ့ Android နှစ်မျိုးလုံးသုံးတယ်ဆိုတဲ့ နန်းသူဇာ - DigitalTimes.com.mm

iOS နဲ့ Android နှစ်မျိုးလုံးသုံးတယ်ဆိုတဲ့ နန်းသူဇာ

Let’s go အဖွဲ့နဲ့တရုတ်ပြည်ကို ခရီးသွားတော့မယ့် နန်းသူဇာနဲ့မသွားခင်တွေ့ဆုံပြီး ခရီးစဉ်အကြောင်းနဲ့  IT ပစ္စည်းတွေအကြောင်းကို အခုလိုမေးဖြစ်ခဲ့ပါတယ်

Q. နန်းသူဇာ Let’s go အဖွဲ့နဲ့ခရီးသွားမယ့် အစီစဉ်လေးကိုပြောပြပေးပါလား။
Let’s go အဖွဲ့နဲ့ China ကိုသွားမှာပါ ဒီဇင်ဘာ ၁၅ရက်နေ့မှာစထွက်မယ့် ဒီဇင်ဘာ ၂၃ရက်နေ့မှာ ပြန်ရောက်မှာပါ။

Q. let’s go ခရီးစဉ်မှာ ဘယ်သူတွေပါမှာလဲ။
ဒီတစ်ခေါက်က နန်းမြတ်ဖြိုးသင်း မပါဘူး။ကားရိုက်နဲ့တိုက်နေလို့ ကျန်တဲ့အဖွဲ့သားတွေဖြစ်တဲ့ Bobby Soxer, Bunny phyo, လွှမ်းပိုင်, ကျော်ထွဋ်ဆွေ ပါမယ် ဧည့်သည်တွေအနေနဲ့ အလင်းရောင်၊ ခင်ဝင့်ဝါ၊ ဝိုင်းလေး တို့လည်းပါမယ်။

Q. အခုခရီးစဉ်က Let’s go အဖွဲ့ရဲ့ ဘယ်နှစ်ကြိမ်မြောက် ခရီးစဉ်လဲ။
Let’s go နဲ့လက်တွဲဖြစ်တာ ၄နှစ်တော့ရှိပြီ အခု တရုတ်ပြည်ခရီးစဉ်က ၇ကြိမ်မြောက်ပါ။

Q. ကိုယ်တိုင်ကရော ခရီးသွားရတာကို ကြိုက်နှစ်သက်လား။
ခရီးသွားရတာကိုကြိုက်လို့ ဒီအစီအစဉ် ကိုလက်ခံတာပါ။

Q. ပြည်တွင်းနဲ့ပြည်ပ ခရီးသွားတဲ့အခါ ဘယ်လိုကွာခြားမှုတွေရှိလဲ။
ကွာတာတွေကတော့အများကြီးပဲ ပြည်တွင်းကျတော့ ကိုယ်တိုင်းပြည်ထဲကနေရာတွေပဲဆိုတော့ ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်။ ပြည်ပကျတော့ သူတို့ရဲ့နေထိုင်မှုနဲ့ ကိုယ်တွေရဲ့နေထိုင်မှုကကွာတော့ တစ်ခါတစ်လေတော့ အဆင်မပြေတွေမှုတွေနဲ့ ကြုံတာတွေရှိတာပေါ့။

Q. လတ်တလောရော အနုပညာအလုပ်တွေ ဘာတွေလုပ်ဖြစ်လဲ။
နန်းသူဇာ အတွဲခွေလေးတွေမှာ သီချင်းတွေဆိုဖြစ်တယ်။အတွဲခွေထဲက သီချင်းတွေကို MTV ရိုက်ဖို့စဉ်းစား နေတယ်။

Q. နန်းသူဇာ မွေးနေ့တုန်းကချစ်သူဆီက ဖုန်းလက်ဆောင်လေးရတော့ ဘယ်လိုခံစားရလဲ။
မထင်မှတ်ထားတဲ့အတွက် အရမ်းပျော်တယ်။ သူကိုအရမ်းလည်း ချီးကျူးမိတယ်။ ကျေးဇူးလဲတင်ပါတယ်လို့။

Q. နန်းသူဇာတို့ ချစ်သူနှစ်ဦးလုံးက အနုပညာရှင်တွေဖြစ်နေတော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုနားလည်မှုတွေ ယူထားကျလဲ။
အဓိကကတော့ သံယောဇဉ်ကြောင့်ပေါ့နော် တစ်ယောက်နဲ့တစ်ယောက်က သူငယ်ချင်းပေါင်းပေါင်းတယ်။ ပွင့်ပွင့်လင်းလင်းရှိတယ်။ မာနတွေမထားဘူး။

Q. အခုလက်ရှိဘာဖုန်းတွေ ကိုင်ထားလဲ။
OPPO F1S ကိုင်တယ် ပြီးတော့ လက်ဆောင်ရထားတဲ့ iph 7 လေးကိုင်ထားတယ်။

Q. iOS နဲ့ Android နှစ်မျိုးလုံးသုံးတာ ဆိုတော့ဘယ်ဟာက နန်းသူဇာအတွက်ပို အဆင်ပြေလဲ။
နှစ်မျိုးလုံးသုံးရတာ အဆင်ပြေပါတယ်။Android ကApp တွေကပိုပြီးသုံးရတာတော့ အဆင်ပြေတယ်။ iso မှာကျတော့ တချို့ကိုယ်မသိတာတွေရှိတယ်။ ဒါပေမယ့် နှစ်မျိုးလုံးသုံးရတာ အဆင်ပြေပါတယ်။

Q. ဖုန်းထဲမှာ ဘယ် App တွေအသုံးများလဲ။
ဓာတ်ပုံနဲ့ပတ်သက်တာတွေ အသုံးများတယ်။ facebook သုံးတယ်၊ သီချင်းနားထောင်တယ်၊ ဖုန်းပြောတယ် ဒီလောက်ပါပဲ။

Q.
Laptop ရောသုံးဖြစ်လား။
Laptop ကAPPLE သုံးတယ်။ ဓာတ်ပုံတွေသိမ်းတယ်၊ သီချင်း TV တွေသိမ်းထားတယ်။
အခြားအရေးကြီးတာ တွေသိမ်းထားဖြစ်တယ်။

Comments

comments

Top