ကားပိတ်တုန်း Billboard မှာ အပြာကားကြည့်တဲ့ ဟက်ကာ - DigitalTimes.com.mm

ကားပိတ်တုန်း Billboard မှာ အပြာကားကြည့်တဲ့ ဟက်ကာ

အဝေးပြေးလမ်းမပေါ် ကားပိတ်နေတဲ့ ယာဉ်မောင်းတစ်ယောက်က လမ်းဘေးမှ Billboard ကို Hack ပြီး အပြာကား ကြည့်ခဲ့တယ်လို့ အင်ဒိုနီးရှား ရဲအဖွဲ့က ပြောပါတယ်။ ဂျကာတာရဲများက အသက် ၂၄ နှစ်အရွယ် ဟက်ကာကို ဖမ်းဆီးလိုက်ပေမယ့်  မည်သူမည်ဝါ ဆိုတာကို ပြောကြားခြင်း မရှိသေးပါဘူး။
.
ဖမ်းခံရတဲ့ လူငယ်ဟာ သတင်းအချက်အလက် နည်းပညာ ကုမ္ပဏီ တစ်ခုမှာ အလုပ်လုပ်နေတာ ဖြစ်ပြီး အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ အပြင် ညစ်ညမ်း ဗီဒီယို ဥပဒေနဲ့ တရားစွဲဆိုခံနေရပါတယ်။ ပြစ်မှု ထင်ရှားကြောင်း ပေါ်လွင်ရင်တော့ သူဟာ ထောင်ဒဏ် ၁၂ နှစ်နဲ့ ငွေဒဏ် ဒေါ်လာ ၇၇ ၀၀၀ ကျခံရမှာ ဖြစ်ပါတယ်။
.
တရားခံရဲ့ လျှောက်ထားချက်အရ သူဟာ လမ်းပိတ်နေလို့ ပျင်းလာတဲ့အတွက် Billboard ကို ဟက်ပြီး အပြာကားကြည့်ခဲ့တာလို့ ပြောပါတယ်။ အခြား ကားပေါ်မှ လူများက Billboard မှ ဂျပန်အပြာကားကို တွေ့တဲ့ အချိန်မှာ အံ့သြသွားကြပြီး သူတို့ရဲ့ ဖုန်းများဖြင့် အပြာကားကို ဗီဒီယို ရိုက်ကူးခဲ့ကြပါသေးတယ်။ အပြာကား ၅ မိနစ်ကြာ ပြသပြီးနောက်မှာ အာဏာပိုင်များက Billboard ကို မီးဖြတ်ခဲ့ပါတယ်။ အပြာကားကို စမတ်ဖုန်းကနေ ရိုက်ထားတဲ့ ဗီဒီယိုများဟာ လူမှုကွန်ရက်များစွာမှာ ပျံ့နှံ့သွားခဲ့ပါတယ်။

 

Ref : worldwide weird news

 

 

Comments

comments

Top