WordPress မှာ ၃၆၀ ဒီဂရီ ဗီဒီယိုများ တင်နိုင်ပြီ - DigitalTimes.com.mm

WordPress မှာ ၃၆၀ ဒီဂရီ ဗီဒီယိုများ တင်နိုင်ပြီ

WordPress အသုံးပြုတဲ့ ၀က်ဆိုက်တိုင်းမှာ Virtual Reality Content များကို လွှင့်တင်နိုင်ပါပြီ။ ၃၆၀ ဒီဂရီ ဓါတ်ပုံနဲ့ ဗီဒီယိုများကိုလည်း လွှင့်တင်နိုင်ပြီး ဒတ်စတော့၊ မိုဘိုင်းတို့မှာ Virtual Reality Headsets များဖြင့် ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။
.
ကြည့်ရှုရတဲ့ အတွေ့အကြုံကတော့ သုံးတဲ့ Device အပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ဒတ်စတော့ ဘရောက်စာမှာ မောက်စ်ကို ကလစ်နှိပ် ၊ ဖိထားပြီး မြင်ကွင်းကို ပြောင်းလဲရပါတယ်။ YouTube နဲ့ Facebook တို့မှာလည်း ဒီနည်းအတိုင်း အသုံးပြုရတာ ဖြစ်ပါတယ်။ VR Headset နဲ့ ကြည့်ရင်တော့ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံကို ခံစားရမှာ ဖြစ်ပြီး သင့် ခေါင်းရွေ့လျားမှု အပေါ် မူတည်ပြီး မြင်ကွင်းကို အချိန်နဲ့တစ်ပြေးညီ ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။
.
WordPress မှာ Cardboard VR Viewer များဖြင့် ကြည့်ရှုမယ်ဆိုရင်တော့ VR Headset များဖြင့် ကြည့်ရှုရသလို ခံစားရမယ်လို့ သိရပါတယ်။ အဲဒီအတွေ့အကြုံဟာ Headset များ မပါဘဲ ကလစ်နှိပ် ၊ ဖိပြီး ကြည့်ရှုရတဲ့ အတွေ့အကြုံထက် များစွာ သာလွန်ကောင်းမွန်ပါတယ်။ WordPress က ယခု ၀န်ဆောင်မှုကို ပြုလုပ်ပေးဖို့ အတွက် ဘရောက်စာများအတွက် Open-Source Tool တစ်ခု ဖြစ်တဲ့ webVR ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ WordPress က သူ့ဝန်ဆောင်မှုကို အသုံးပြုတဲ့ ၀က်ဆိုက်များမှာ ဗီဒီယို ကြည့်ရှုမှုနှုန်းဟာ တစ်လလျှင် ၄၀၉ သန်း ရှိတယ်လို့ ပြောပါတယ်။

 

Ref : the verge

 

Comments

comments

Top