Facebook က သတင်းမှားများကို နှိပ်ကွပ်မယ် - DigitalTimes.com.mm

Facebook က သတင်းမှားများကို နှိပ်ကွပ်မယ်

Facebook မှာ သတင်းမှားများကို မျှဝေနေတဲ့ လူများစွာ ရှိပါတယ်။ Facebook က ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အစီအစဉ်များကို ကြေညာလိုက်ပါတယ်။ ပထမအနေနဲ့ Facebook က သတင်းမှားများကို လွယ်ကူစွာ Report လုပ်နိုင်အောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ပို့စ်ရဲ့ ညာဘက်အပေါ်ထောင့်မှ ခလုတ်ကို နှိပ်ရင် သတင်းမှားအဖြစ် Report လုပ်နိုင်တဲ့ ခလုတ်ကို မြင်ရမှာပါ။ ပို့စ်တင်တဲ့ လူကို Message ပို့ခြင်းနဲ့ Block လုပ်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
.
Facebook က Poynter’s International Fact Checking Code of Principles ရဲ့ လက်အောက်မှ သတင်းအချက်အလက် တိုက်ဆိုင်စစ်ဆေးပေးတဲ့ အေဂျင်စီများနဲ့လည်း ပူးပေါင်းလိုက်ပါတယ်။ Users များ Report လုပ်တဲ့ ပို့စ်များကို သတင်းအချက် တိုက်ဆိုင်စစ်ဆေးတဲ့ အဖွဲ့အစည်းများထံ ပေးပို့မှာ ဖြစ်တယ်လို့ Facebook က ပြောပါတယ်။ စစ်ဆေးပြီးနောက် သတင်းမှားအဖြစ် သတ်မှတ်မှာ ဖြစ်ပါတယ်။ Facebook က သတင်းမှန်များရဲ့ လင့်ကိုလည်း ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။
.
Facebook က သတင်းမှားများ တင်နေတဲ့ ၀က်ဆိုက်များအတွက် ကြော်ညာဝင်ငွေ ရရှိမှုကို ဖြတ်တောက်နိုင်အောင်လည်း ကြိုးစားနေပါတယ်။ Facebook က နည်းလမ်းများစွာ အသုံးပြု၍ သတင်းမှားများကို တားဆီးနိုင်အောင် ကြိုးစားနေပေမေယ့် သတင်းမှားအားလုံးကို ပိတ်ပင်နိုင်မှာ မဟုတ်ပါဘူး။ Facebook အသုံးပြုသူများက သတင်းမှားများကို ကူညီ Report လုပ်ပေးမှသာ သတင်းမှား ကင်းစင်တဲ့ လူမှုကွန်ရက်ဖြစ်လာမှာ ဖြစ်ပါတယ်။

 

Ref : the next web

 

 

 

 

Comments

comments

Top