Facebook မှာ Auto-Play Video များကို ပိတ်နည်း

Facebook က News Feed မှာ ဗီဒီယိုများကို အလိုအလျှောက် ဖွင့်ပေးတဲ့ Auto-Play Video စွမ်းဆောင်ချက်ကို ထည့်သွင်းထားပါတယ်။ အဲဒီ စွမ်းဆောင်ချက်ဟာ မိုဘိုင်းဒေတာ ကုန်ကျစေသလို ဘက်ထရီ စားပါတယ်။ ဗီဒီိယိုများ အလိုအလျှောက် ပြသပေးတာကို မနှစ်သက်ရင် ပိတ်နိုင်အောင် Facebook က ရွေးချယ်ခွင့်ပေးထားပါတယ်။ ဒီ Tutorial မှာ Auto-Play Video များကို ပိတ်တဲ့ နည်းလမ်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

PC

PC မှာ ဆိုရင် Settings ထဲသွားပါ။ ဘယ်ဘက်ခြမ်းမှ Videos ကဏ္ဍထဲသွားပြီး Auto-Play Videos ရဲ့ ညာဘက်မှ Dropdown Arrow ကို နှိပ်ပါ။ Off ကို ရွေးပေးပါ။ တစ်ခုမှတ်ထားရမှာက ပီစီမှာ Auto-Play Videos ကို ပိတ်ထားပေမယ့် Android မှာ အကျိုးသက်ရောက်မှု မရှိပါဘူး။ Android မှာ Auto-Play Videos များကို ထပ်မံ ပိတ်ရမှာ ဖြစ်ပါတယ်။

 

untitled-01

Android

Android မှာ ညာဘက်အပေါ်ထောင့်မှ Menu ကို နှိပ်ပြီး App Settings ထဲသွားပါ။ Autoplay ကို နှိပ်ပါ။

untitled-1

On WiFi Connection Only ကို ရွေးရင် ၀ိုင်ဖိုင်ချိတ်ဆက်ထားမှသာ ဗီဒီယိုများကို အလိုအလျှောက် ဖွင့်ပေးမှာ ဖြစ်ပါတယ်။ Never Autoplay Videos ကို ရွေးရင်တော့ မိုဘိုင်းဒေတာနဲ့ ၀ိုင်ဖိုင် ၂ ခုစလုံးမှာ ဗီဒီယိုများကို အလိုအလျှောက် ပြသပေးမှာ မဟုတ်ပါဘူး။

 

untitled-2

Comments

comments

Top