Facebook မှာ Live Video လွှင့်ရင်း ကားတိုက်တဲ့ လူငယ် (Video)

Facebook မှာ Live Video လွှင့်ရင်း ကားတိုက်တဲ့ လူငယ် (Video)

အမေရိကန်ပြည်ထောင်စု Rhode Island ပြည်နယ်မှ Onasi Olio Rojas အမည်ရ လူငယ်တစ်ဦးဟာ ကားမောင်းရင်း Facebook မှာ Live Video ထုတ်လွှင့်နေစဉ်မှာ ကားတိုက်ခဲ့ပါတယ်။

သူဟာ ထိုင်ခုံခါးပတ်ကို ပတ်ထားခြင်း မရှိပါဘူး။ သူဟာ တစ်နာရီကို မိုင် ၉၀ အမြန်နှုန်းဖြင့် မောင်းနှင်နေရာကနေ မိုင် ၁၀၀ အထိ အရှိန်မြှင့်ခဲ့ပါတယ်။ ကားမတိုက်ခင်မှာ ကားလမ်းကြောင်း ပြောင်းလဲမှုများကိုလည်း ထပ်ခါ ထပ်ခါ ပြုလုပ်ခဲ့တယ်လို့ ရဲအရာရှိ ဖြစ်သူ John Allen က ပြောပါတယ်။

Image result for Onasi Olio Rojas

သူဟာ တစ်နာရီလျှင် ၁၁၅ မိုင်အထိ အရှိန်မြှင့်ခဲ့ပြီး အမှိုက်ကားကို မိုင် ၉၀ နှုန်းဖြင့် ၀င်တိုက်ခဲ့တယ်လို့ ရဲက ခန့်မှန်းပါတယ်။ မီးသတ်သမားများက အသက် ၂၀ အရွယ် ယာဉ်မောင်းသူကို သူ့ရဲ့ ဟွန်ဒါကားထဲက ဆွဲထုတ်ဖို့ အချိန် အနည်းငယ် ယူခဲ့ရတယ်လို့ ရဲက ပြောပါတယ်။ ရဲများက ကားတိုက်သူရဲ့ ကျန်းမာရေး အခြေအနေကို ထုတ်ဖော်ပြောခြင်း မရှိသေးဘဲ ဗီဒီယိုကို သက်သေအဖြစ် Facebook ထံမှ တောင်းဆိုထားပါတယ်။

Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ Live Video ကို ကြည့်နေတဲ့ လူများက Facebook ရဲ့ စည်းကမ်းချက်များနဲ့ မညီရင် Report လုပ်နိုင်ပါတယ်။ ကျွန်တော်တို့က စည်းကမ်းချိုးဖောက်တဲ့ ဗီဒီယိုများကို တတ်နိုင်သလောက် မြန်မြန် ဖယ်ရှားမှာ ဖြစ်ပါတယ်။ ဗီဒီယို တိုက်ရိုက် ထုတ်လွှင့်နေတဲ့ လူဟာ အန္တရာယ် ရှိနိုင်တဲ့ အနေအထားဆိုရင် ကြည့်နေသူများက ရဲကို အကြောင်းကြားဖို့လည်း တိုက်တွန်းအားပေးပါတယ်။ “ လို့ ပြောပါတယ်။

Ref : cnet

Comments

comments

Top