ဆိုရှယ်မီဒီယာလောက ထဲကို Spark ဖြင့် ခြေဆန့်လာနေတဲ့ Adobe - DigitalTimes.com.mm

ဆိုရှယ်မီဒီယာလောက ထဲကို Spark ဖြင့် ခြေဆန့်လာနေတဲ့ Adobe

ဆိုရှယ်မီဒီယာလောကအတွက် သူစိမ်းပြင်ပြင် အနေအထားနဲ့သာ ရှိနေသေးတဲ့ ဓါတ်ပုံ၊ ဒီဇိုင်း ဆရာကြီး Adobe ကုမ္ပဏီ ဟာ Spark ဆိုတဲ့ Tool တစ်ခုကို ထုတ်လုပ်ပြီး ဆိုရှယ်မီဒီယာလောကကို ၀င်ရောက်လာပြီ ဆိုတဲ့အကြောင်းကို ခေါင်းလောင်းထိုး နှိုးဆော်ခဲ့ပါတယ်။
.
Spark ဟာ Facebook,Instagram,Twitter,Linkedin စတဲ့ လှုမှုကွန်ယက်တွေပေါ်ကို ဓါတ်ပုံ နဲ့ ဗွီဒီယိုတွေ အလွယ်တကူ သုံးစွဲနိုင်စေဖို့ ဓါတ်ပုံ အယ်လ်ဘမ် ၊ Template တွေနဲ့ တခြား လုပ်ငန်းဆောင်တာတွေကို အခမဲ့ ရယူနိုင်တဲ့ Tool တစ်ခု ဖြစ်ပါတယ်။ ဒေါင်းလုပ်ချဖို့လည်း မလိုအပ်သလို နည်းပညာ ဗဟုသုတ တွေလည်း အများကြီး သိရှိနားလည်ထားဖို့ မလိုအပ်ဘူး လို့ ဆိုပါတယ်။ အင်တာနက်ရှိရုံနဲ့ ကွန်ပျူတာ ၊ မိုဘိုင်းဖုန်းတွေကနေတဆင့် သုံးစွဲနိုင်တဲ့ Spakr မှာ Spark Post, Spark Page, and Spark Video စသဖြင့် သုံးမျီုး ခွဲခြားထားပြီး အခုခေတ်ပေါ် ရေပန်းစားနေတဲ့ အလန်းစား Template များစွာကို လုပ်ဆောင်သွားစေနိုင်မယ်လို့ လည်း ဆိုပါတယ်။
.
မဂ္ဂဇင်းတွေ ၊ ဂျာနယ်တွေမှာ ဖော်ပြထားတဲ့ စတိုင် အသွင်သဏ္ဍာန်တွေများစွာအပြင် လွယ်လင့်တကူ ယူငင်သုံးစွဲနိုင်တဲ့ Cavas စတွေကို ပါ ပေးအပ်ထားတဲံ့အတွက် ကိုယ့်ကိုယ်ပိုင် Facebook Wall အတွက်လည်း ပုံလန်းလန်းလေးတွေ တင်ပို့နိုင်မှာ ဖြစ်ပါတယ်။ https://spark.adobe.com/ မှာ အလွယ်တကူ ၀င်ရောက်ပြီး Register လုပ် စာရင်းသွင်းပြီးတာနဲ့ သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။ ဖေ့်ဘုတ် လိပ်စာနဲ့လည်း ၀င်ရောက်မှတ်ပုံတင်နိုင်ပါတယ်။ ခင်ဗျားမှာ အိပ်မက်တစ်ခု ရှိတယ် ဆိုပါစို့ ။ အဲဒါကို Spark က အကောင်အထည်ဖော်ပေးပါမယ် လို့ Adobe က ကြွေးကြော်ထားခဲ့တယ် လို့ သတင်းရရှိပါတယ်။
.bar

Ref : Adobe

Comments

comments

Top