သွားလေရာ သယ်ဆောင်သွားနိုင်မယ့် Doxie Q Scanner

စာရွက်စာတမ်းများကို ဒစ်ဂျစ်တယ် ဖော်မက် အဖြစ်ပြောင်းလဲပေးနိုင်တဲ့ Scanner များဟာ ကုမ္ပဏီများ၊ အဖွဲ့အစည်းများအတွက် အသုံးဝင်ပါတယ်။ ဒီနေ့ခေတ်မှာတော့ သွားလေရာယူဆောင်သွားနိုင်မယ့် အိတ်ဆောင် စကင်နာများလည်း ပေါ်ပေါက်လာကြပါပြီ။
.
Doxie Q ဟာ သင်မြင်ဖူးသမျှ စကင်နာများနဲ့ မတူဘဲ အရွယ်အစား သေးငယ်ပြီး သွားလေရာ ယူဆောင်သွားနိုင်ပါတယ်။ ဆန့်နိုင်၊ ကျုံ့နိုင်ပြီး စာရွက်တစ်ရွက်ကို ၇.၅ စက္ကန့်အတွင်းမှာ စကင်လုပ်ပေးနိုင်ပါတယ်။ 300dpi or 600dpi ၂ မျိုးထဲမှ သင်နှစ်သက်ရာတစ်ခုကို ရွေးချယ်နိုင်ပါတယ်။ စမတ်ဖုန်းအတွက် ထုတ်လုပ်ပေးထားတဲ့ Doxie Apps များကနေ စကင်ဖတ်ယူမှုများကို စီမံခန့်ခွဲနိုင်ပါတယ်။ စကင်ဖတ်ယူပြီးရင်တော့ စကင်နာကို ကွန်ပြူတာအနားသို့ သယ်ဆောင်သွားပြီး စကင်ဖတ်ယူထားတဲ့ ဖိုင်တွေကို ကွန်ပြူတာသို့ ပေးပို့နိုင်ပါတယ်။
.
Doxie Apps များက စကင်ဖတ်ယူထားမှုများကို သင့်ရဲ့ ဒတ်စတော့၊ iOS Device များအကြားမှာ Synchronize ပြုလုပ်ပေးနိုင်ပါတယ်။ Android Device များအတွက် Doxie App ကို ထုတ်လုပ်ပေးထားခြင်း မရှိတဲ့အတွက် စကင်နာနဲ့ App ကို တွဲဖက် အသုံးပြုလို့ မရပါဘူး။ iOS Device များအတွက် စကင်နာက ပိုမို အသုံးဝင်မှာ ဖြစ်ပါတယ်။ စကင်နာကို ဒေါ်လာ ၂၉၉ သတ်မှတ်ထားပါတယ်။ စကင်နာဟာ သီးခြား အလုပ်လုပ်နိုင်တဲ့အတွက် ကွန်ပြူတာ၊ လက်တော့များနဲ့တောင် ချိတ်ဆက်စရာမလိုပါဘူး။ စကင်နာမှာ ပြန်လည်အားဖြည့်နိုင်တဲ့ ဘက်ထရီ တပ်ဆင်ထားပြီး အကြိမ် ၁၀၀၀ အထိ စကင်ဖတ်ရှုနိုင်ပါတယ်။

 

Ref : coolest- gadgets

 

 

Comments

comments

Top