စမတ်ဖုန်းများကို ကြိုးမဲ့ အားသွင်းပေးမယ့် AOC PLS Monitor

စမတ်ဖုန်းများကို ကြိုးများဖြင့် ချိတ်ဆက် အားသွင်းဖို့ မလိုတဲ့အတွက် ကြိုးမဲ့ အားသွင်းစနစ်ဟာ အနာဂတ် အားသွင်းနည်းစနစ်ဖြစ်လာတော့မှာပါ။ စမတ်ဖုန်းများမှာ ကြိုးမဲ့ အားသွင်း နည်းပညာများကို ထည့်သွင်းလာကြပြီး Charging Plate များကိုလည်း တီထွင်လာကြပါတယ်။ ကြိုးမဲ့အားသွင်းနည်းပညာများထဲမှာ Qi Wireless Charging စံနှုန်းကို တွင်ကျယ်စွာ အသုံးပြုနေကြပါတယ်။ အခုတစ်ခါမှာတော့ Qi ကြိုးမဲ့အားသွင်းစနစ်ပါတဲ့ မော်နီတာတစ်ခုကို တီထွင်လိုက်ပါတယ်။
.
၂၇ လက်မအရွယ် မော်နီတာ ဖြစ်ပြီး AOC PLS Monitor လို့ အမည်ပေးထားပါတယ်။ သူဟာ Qi ကြိုးမဲ့အားသွင်းစနစ်ကို ထောက်ပံ့တဲ့ စမတ်ဖုန်း၊ တက်ဘလက်တို့လို ကိရိယာများကို အားသွင်းပေးနိုင်တဲ့ ပထမဆုံး မော်နီတာ ဖြစ်ပါတယ်။ မော်နီတာရဲ့ အောက်ခြေရှိ ဒေါက်တိုင်အပေါ်မှာ စမတ်ဖုန်း၊ တက်ဘလက်များကို တင်၍ အားသွင်းရမှာ ဖြစ်ပါတယ်။
.
မော်နီတာရဲ့ မျက်နှာပြင် Resolution ဟာ Full HD ဖြစ်ပြီး နေအိမ်နဲ့ ရုံးခန်းများမှာ အသုံးပြုဖို့ ပုံစံထုတ်ထားပါတယ်။ ယခုနှစ် ဒီဇင်ဘာလထဲမှာ ၂၄၉.၉၉ ဒေါ်လာဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။ မော်နီတာရဲ့ Qi ကြိုးမဲ့အားသွင်းစနစ်ဟာ Samsung Galaxy S5 , Galaxy S6 , Galaxy Edge Series , Motorola Droid Maxx, Google Nexus 4 ကနေ Nexus 7 , Nokia Lumia 920 ကနေ Lumia 1520 အထိ တွဲဖက် အသုံးပြုနိုင်ပါတယ်။

 

Ref : coolest-gadgets

 

Comments

comments

Top