Android Pay ကို အိုင်ယာလန်မှာ သုံးနိုင်ပြီ

Android Phone ကနေ ငွေပေးချေနိုင်တဲ့ Android Pay ကို အိုင်ယာလန်မှာ အသုံးပြုနိုင်ပါပြီ။ AIB , KBC မှ Visa Card , MasterCard ကိုင်ဆောင်ထားသူများက Android Phone ရှိ Android Pay App မှာ ကဒ်များရဲ့ သတင်းအချက်အလက်များကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။
.
Boots , Eason , Tesco, Spar, KFC , Londis, Mace, McDonald’s, XL တို့လို Android Pay ကို လက်ခံတဲ့ စားသောက်ဆိုင်နဲ့ ဈေးဆိုင်များစွာမှာ စမတ်ဖုန်းဖြင့် ငွေပေးချေနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် ကဒ်များကို ယူဆောင်ဖို့ မလိုတော့ပါဘူး။ Adverts.ie , Deliveroo, Uber, Dice, Fancy, Hotel Tonight, Vueling တို့လို Apps များမှာလည်း Android Pay ဖြင့် ငွေပေးချေနိုင်ပါတယ်။ အဲဒီအတွက် ငွေပေးချေမှု တစ်ခါ ပြုလုပ်တိုင်း ကဒ်သတင်းအချက်အလက်များကို ရိုက်ထည့်ဖို့ မလိုတော့ပါဘူး။ အဲဒီ Apps များမှ Android Pay ခလုတ်ကို နှိပ်လိုက်ရုံပါပဲ။
.
စားသောက်ဆိုင်များမှာ ငွေရှင်းဖို့အတွက် ဖုန်းကို Payment Terminal အနား ကပ်လိုက်ရမှာ ဖြစ်ပါတယ်။ ငွေပေးချေဖို့အတွက် Android Pay App ကို ဖွင့်စရာတောင် မလိုတော့ပါဘူး။

 

KTY

Ref : gsmarena

 

Comments

comments

Top