iPhone 7 ကို ကြိုးမဲ့အားသွင်းပေးမယ့် Mophie Battery Case

Mophie Juice Pack Air ဟာ Mophie ရဲ့ နောက်ဆုံးထုတ် iPhone 7 Battery Case ဖြစ်ပြီး သူ့မှာ 2525mAh Battery တပ်ဆင်ထားပါတယ်။ Case ကို ရာဘာသားဖြင့် ပြုလုပ်ထားပါတယ်။ သူ့ရဲ့ အားသာချက်က အားသွင်းဖို့အတွက် Case ကို ဖုန်းကနေ ဖြုတ်စရာ မလိုသလို ကြိုးများနဲ့ ချိတ်ဆက်စရာလည်း မလိုတာပါ။ သူ့မှာ Qi နဲ့ အခြား အသုံးများတဲ့ ကြိုးမဲ့ အားသွင်းစနစ်များ ပါတယ်လို့ Mophie က ပြောပါတယ်။

Android Phones တွေမှာ  ကြိုးမဲ့ အားသွင်းစနစ်ကို သုံးနေကြပါပြီ။ ဒါပေမယ့် iPhone တွေမှာ ကြိုးမဲ့အားသွင်းစနစ်ကို မမြင်ရသေးပါဘူး။ Apple က iPhone 8 မှာ ဒီနည်းပညာ ထည့်ပေးမယ်လို့ သတင်းထွက်နေပါတယ်။

နှစ်ဆတိုးလာတဲ့ ဖုန်းပြောချိန်
Mophie Juice Pack Air တပ်ထားရင် iPhone 7 ရဲ့ ဖုန်းပြောချိန်ဟာ ၂ ဆ တိုးလာပါတယ်။ သာမာန် ၁၄ နာရီကနေ ၂၇ နာရီအထိ ဖုန်းပြောနိုင်ပါတယ်။

iPhone 7 Plus အတွက်လည်း Battery Case ထုတ်လုပ်ပေးထားပါတယ်။ iPhone 7 Plus မှာ တပ်ဆင်ထားရင် ၂၁ နာရီကနေ ၃၃ နာရီအထိ ဖုန်းပြောချိန် တိုးတက်လာပါတယ်။ Battery Case မှာ 2420mAh Battery သာ တပ်ဆင်ထားတာကြောင့် ပါးလွှာပြီး လက်တစ်ဖက်ထဲနဲ့ ကိုင်လို့ရပါတယ်။

Battery Case တပ်ရင်တော့ iPhone 7 ဖုန်းများဟာ အနည်းငယ် ပိုကြီးတဲ့ ပုံပေါက်သွားမှာပါ။ ဒါတောင် ယခု Battery Case များဟာ Mophie ထုတ်လုပ်ဖူးသမျှထဲမှာ အကျစ်လစ်ဆုံး ဖြစ်ပါတယ်။ အနက်၊ အနီ၊ ရွှေ၊ နှင်းဆီ ရွှေနဲ့ အပြာရောင်များ ထုတ်လုပ်ပေးထားပါတယ်။

4

ဒါဟာ iPhone 7 အတွက် Mophie ရဲ့ ဒုတိယမြောက် Case ပါ။

Mophie က ယခင်က iPhone 7 နဲ့ iPhone 7 Plus အတွက် Battery Case များကို ထုတ်လုပ်ရောင်းချခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် Mophie က စက်တင်ဘာလမှာ Modular Case System တစ်ခုကို ဖြန့်ချီခဲ့ပါတယ်။

3

Mophie Hold Force လို့ အမည်ပေးထားပြီး ကြိုးနဲ့ ဖုန်းကို ချိတ်ဆက်အားသွင်းရတာပါ။ Case မှာ သံလိုက်ပါပြီး ID Card Wallet နဲ့ Powerstation Plus Mini Battery တို့လို Accessory များဖြင့် တွဲဖက် သုံးနိုင်ပါတယ်။

Apple က iPhone 7 မှာ ကင်မရာ နေရာကို ပြောင်းလိုက်တဲ့အတွက် iPhone 6S နဲ့ iPhone 6S Plus တို့အတွက် ထုတ်ထားတဲ့ Mophie ဟာ ဖုန်းအသစ်အတွက် အဆင်မပြေတော့ပါဘူး။

ဖုန်း အသုံးများသူများနဲ့ ခရီးသွားလေ့ရှိသူများအတွက် Juice Pack Air က အသုံးဝင်ပြီး ၉၉.၉၅ ဒေါ်လာဖြင့် Mophie ၀က်ဆိုက်ကနေ  ရောင်းချပေးနေပါတယ်။

KTY
Ref : techradar

 

Comments

comments

Top