SINGTECH Brand Ambassador မြင့်မြတ်နဲ့ တွေ့ဆုံခြင်း

SINGTECH Brand Ambassador မြင့်မြတ်နဲ့ တွေ့ဆုံခြင်း

၂၀၁၇ မှာ မင်္ဂလာဆောင်မှာဖြစ်တဲ့ မြင့်မြတ်ကို ဒါရိုက်တာ ဝိုင်း ရဲ့ “ဘယ်ညာဘယ်ညာ”ရုပ်ရှင်ဇာတ်ကား ရိုက်ကွင်းမှာတွေဆုံပြီး သူရဲ့လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ အတူ လက်ရှိ သုံးနေတဲ့ဖုန်းအကြောင်းကိုမေး  ဖြစ်ခဲ့ပါတယ်။

Q လတ်တလော အနုပညာလှုပ်ရှားမှုလေး ကိုပြောပြပေးပါလား။

အခုရိုက်နေတဲ့ ဇာတ်ကားနာမည်က “ဘယ်ညာဘယ်ညာ” ဒါရိုက်တာ ဝိုင်း ၊မင်းသမီးက ဖွေးဖွေး ပါ၊ ရုပ်ရှင်ကားကြီးပါ။

Q အကယ်ဒမီနီးလာပြီဆိုတော့ အစ်ကိုရဲ့အကယ်ဒမီရင်ခုန်သံကိုလည်း ပြောပြပေးပါလား။

အကယ်ဒမီနဲ့ ပတ်သက်ပြီး ကျွန်တော်အရမ်းမမျှော်လင့်ထားပါဘူး။

Q ပရိတ်သတ်တွေကဒီနှစ်အကယ်ဒမီမှာ အစ်ကိုကိုရစေချင်ကြတယ်။အဲဒီအပေါ် အစ်ကိုရဲ့ခံစားချက်ကိုပြောပြပေးပါလား။

ဒါကတော့ ကျွန်တော်ကိုချစ်တဲ့ ကျွန်တော်ကိုအားပေးတဲ့ပရိတ်တွေကတော့ ရစေချင်တာပေါ့နော် တကယ်ရချင်းမရချင်းက ကံပေါ်မှာလည်းမူတည်ပါတယ်။

Q ဒီနှစ်အကယ်ဒမီအတွက် အစ်ကိုဇာတ်ကား ဘယ်နှစ်ကားလောက်ပါလဲ။

ခိုးဆိုးလုနှိုက် ၊မှော်ကျောက်စာ ၊မင်းလည်းဘိုကေငါလည်းဘိုကေ နဲ့ဆိုသုံးကားပါတယ်။

Q အဲဒီသုံးကားထဲမှာ ဘယ်ကားကိုအားအရ ဆုံးလဲ။

အားအရဆုံးကတော့ ခိုးဆိုးလုနှိုက်ရယ် ၊မှော်ကျောက်စာ ရယ်ကိုတော့အားရတယ်။ မင်းလည်းဘိုကေငါလည်းဘိုကေ ကဟာသကားသီးသန့်ဖြစ်တယ်။

Q အရင်တုန်းကဆို ရုပ်ရှင်ကားကြီးအနေနဲ့ ကျောက်စက်ရေ တစ်ကားတည်းပဲရှိခဲ့တယ်။ အခုဆိုအစ်ကိုရဲ့ ဇာတ်ကား သုံးကားတောင်ပါတဲ့အပေါ် ခံစားချက်လေးကိုလည်း ပြောပြပေးပါလား။

ကျွန်တော်အရမ်းဝမ်းသာပါတယ်။ ကျောက်စက်ရေ ရုံတင်ပြီးတဲ့အချိန်နဲ့ အခုဆိုရင် တော်တော်တောင်ကြာသွားပြီ အဲ့နောက်ပိုင်း ရုပ်ရှင်ကားကြီးတွေသိပ်မရိုက်ဖြစ်ခဲ့ဘူး ။အခုနောက်ပိုင်းမှ ရုပ်ရှင်ကားကြီးတွေ ပြန်ရိုက်ဖြစ်တယ်

Q ဒီဇာတ်ကားပြီးရင် ဘာတွေလက်ခံထားသေးလဲ။

ဒီကားပြီးရင်ဗီဒီယိုကားပဲ ကိုပေါက်နဲ့ရိုက်ဖို့ပြောထားတယ်။ဗီဒီယို ကားတွေပဆြက်တိုက်ရိုက်ဖြစ်သွားမှာပါ။

Q မင်္ဂလာပွဲနဲ့ပတ်သက်ပြီး ဘာတွေစီစဉ်နေပြီလဲ။

စီစဉ်နေတုန်းပါပဲ ကျွန်တော်တို့ရဲ့မင်္ဂလာဝတ်စုံကို ကိုမျိုးမင်းစိုးကစီစဉ်းပေးထားပါတယ်။ မိတ်ကပ်ကတော့မေဦးလိမ်းပေးမှာပါ။ နေရာကတော့ကျွန်တော်စီစဉ်နေတုန်းပါပဲ။

Q အစ်ကိုလက်ရှိဘာဖုန်းတွေကိုင်နေလဲ။

ကျွန်တော်က SINGTECH Brand Ambassador ဖြစ်တဲ့အတွက် SINGTECH ဖုန်းတွေကိုပဲ ကိုင်ဖြစ်ပါတယ်။

Q ဖုန်းကိုအစ်ကိုရဲ့တစ်နေ့တာအတွက် ဘယ်လိုသုံးဖြစ်လဲ။

ကျွန်တော် အဓိကဖုန်းပဲပြောတာများတယ်။Facebook လည်းသိပ်မသုံးဖြစ်ဘူး။

Comments

comments

Top