Meizu က တန်ဖိုးနည်း အရွယ်ကြီး M5 Note ကို မိတ်ဆက်

Meizu M5 Note ဟာ ဈေးသက်သာတဲ့ အရွယ်ကြီ သတ္တုစမတ်ဖုန်း တစ်လုံးဖြစ်ပါတယ်။ ၅.၅ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ Android 6.0 ကို အခြေပြုထားတဲ့ Flyme OS 6.0 ထည့်သွင်းထားပါတယ်။ MediaTek Helio P10 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 3GB RAM ထည့်သွင်းထားပြီး 16 or 32GB Storage ရွေးချယ်နိုင်ပါတယ်။ 4GB RAM/64GB Storage Model ကိုလည်း ထုတ်လုပ်ပေးထားပါတယ်။
.
Meizu M5 Note မှာ 4000mAh Battery တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ Full HD Video များ ရိုက်ကူးနိုင်တဲ့ 13MP Camera နဲ့ အရှေ့ဘက်မှာ 5MP Selfie Camera တပ်ဆင်ထားပါတယ်။ မျက်နှာပြင်ရဲ့ အောက်မှာ လက်ဗွေရာ စစ်ဆေးတဲ့ ကိရိယာ တပ်ဆင်ထားပါတယ်။ VoLTE နဲ့ WiFi b/g/n ဆက်သွယ်မှုများကို အသုံးပြုနိုင်ပါတယ်။
.
Meizu M5 Note ရဲ့ 3GB/16GB Model ကို ယွမ် ၉၀၀ ဖြင့် ဒီဇင်ဘာလ ၈ ရက်နေ့မှာ ရောင်းချမှာပါ။ 3GB/32GB Model ကို ယွမ် ၁၀၀၀ ၊ 4GB/64GB Model ကို ယွမ် ၁၅၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေအားဖြင့် ၁ သိန်းခွဲနဲ့ ၂ သိန်းခွဲ ၀န်းကျင် တန်ကြေးရှိပါတယ်။

KTY
Ref : gsmarena

Comments

comments

Top