Win Mobile World မှ ကိုစိုးနောင်ဝင်း နဲ့တွေ့ဆုံခြင်း

Win Mobile World မှ ကိုစိုးနောင်ဝင်း နဲ့တွေ့ဆုံခြင်း

ပြည်တွင်းမှာ အောင်မြင်နေတဲ့ ဖုန်းဆိုင်တွေထဲက တစ်ခုဖြစ်တဲ့ မြေနီကုန်း၊ ရှမ်းကုန်းလမ်းက Win Mobile World မှ ကိုစိုးနောင်ဝင်းနဲ့ တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။

img_20161129_111230

Q ပထမဆုံးအစ်ကို ဒီ business ကိုစပြီးလုပ်ဖြစ်ခဲ့တဲ့ အကြောင်းအရင်းကို ပြောပြပေးပါလား။

A ၂၀၁၂ခုနှစ် ရန်ကုန်မှာ business တစ်ခုစလုပ်မယ်လို့ စဉ်းစားမိတဲ့အချိန်မှာ ကျွန်တော်အစ်ကိုကနယ်မှာလည်းဖုန်းဆိုင်ဖွင့်ထားတာရှိတယ် ပြီးတော့ ဖုန်းတွေနဲ့ရင်းနှီးမှုကလည်းရှိတယ်။ Service ပိုင်းနဲ့ပတ်သက်ပြီး ကိုင်တိုင်လုပ်နိုင်တယ်။ အဲဒီအချိန်မှာ ဖုန်းတွေကလည်း ပိုပြီးပေါပေါများများထွက်လာတဲ့ အချိန်နဲ့တိုက်ဆိုင်သွားတော့ ဒီလုပ်ငန်းကိုလုပ်ဖို့ ရွေးချယ်ခဲ့တယ်။ ၂၀၁၂ ခုနှစ် (၄)လပိုင်းကုန်လောက်မှာ Win Mobile World ကိုစပြီးဖွင့်လှစ်ခဲ့ပါတယ်။

Q အစ်ကိုဆိုင်မှာရနိုင်တဲ့ ဖုန်းအမျိုးအစားတွေကို ပြောပေးပါလား။

A ကျွန်တော်ဆိုင်မှာ Brand အစုံရှိပါတယ်။ Samsung  ,OPPO, Apple, Sony, Xiaomi, LG main brand တော်တော်များများ ကိုစုံအောင်တင်ထားတယ်။

Q ဘယ်ဖုန်းအမျိုးအစားတွေက ရောင်းအားအကောင်းဆုံးလဲ။

A ကျွန်တော်ဆိုင်မှာ main customer ကလောလောဆယ် Apple ကအများဆုံးပဲ ပြီးတော့ Xiaomi ,Samsung ပေါ့။

Q အစ်ကိုဆိုင်မှာ Delivery Service ရှိပါသလား။

A လောလောဆယ်တော့ Delivery Service ကတော့မရှိသေးပါဘူး။ နယ်အော်ဒါတွေကိုတော့ ကားဂိတ်အထိပို့ပေးပါတယ်။နောက်ပိုင်းတော့ ရန်ကုန်မြို့တွင်းပါပို့ဖို စီစဉ်နေပါတယ်။

Q e-commerce တွေခေတ်စားလာတဲ့အပေါ် အစ်ကိုရဲ့ အမြင်ကိုပြောပြပေးပါလား။

A e-commerce ကတော့နောက်ပိုင်း level တစ်ခုထိသွားမှာပေါ့ တစ်ခြားနိုင်ငံတွေမှာတော့ e-commerce ပိုင်းတော်တော်များများသွားနေပြီဆိုတော့ ကျွန်တော်တို့ဆီမှာလည်း အခုဆိုရင် credit card ပိုင်းဆိုင်ရာတွေကို ဘဏ်တွေကရော ဗဟိုဘဏ်ဘက်ကရော credit card နဲ့  debit card တွေကိုပိုပြီးအသုံးများလာအောင် လုပ်နေပါတယ်။လောလောဆယ်တော့ offline ပိုင်းမှာတော့ debit card, ATM card  တွေသုံးလာကြပြီ credit card နဲ့ ဝယ်တဲ့သူတွေများလာပြီ ဒီကတ်တွေကလောလောဆယ်တော့ offline သုံးနေကြပေမယ့် တဖြေးဖြေးနဲ့ online တက်လာဖို့ရှိတယ်။ e-commerce ပိုင်းကနောက်ပိုင်းတိုးတက်လာမှာပါ။

Q အစ်ကိုတို့ဆိုင်မှာ credit card နဲ့ ဝယ်လိုရပြီလား။

A ကျွန်တော်တို့ဆီမှာ တော့မရှိသေးပါဘူး။

Q အစ်ကိုတို့ ဆိုင်က ဝယ်တဲ့ဖုန်းတွေနဲ့ ပတ်သက်ပြီး ဘယ်လိုဝန်ဆောင်မှုတွေပေးလဲ။

A အဲဒါကတော့ Brand ပေါ်မူတည်ပြီးကွာတာပေါ့နော်။Samsung ဆိုရင် ကုမ္ပဏီအာမခံ ၁နှစ်ပါပြီးသား၊ Apple တို့ xiaomiတို့ဆိုရင် ကုမ္မဏီ အာမခံမပါဘူး အဲဒီဖုန်းတွေအတွက် ကျွန်တော်တို့ဆိုင်ကနေ ၁နှစ်အာမခံပေးတယ်။ တစ်နှစ်အတွင်းမှာ Apple ကပြသနာတစ်ခုခုရှိလိုပြန်ပို့ ရမယ်ဆိုရင် အခမဲ့ ပြန်ပို့ပေးတယ်။ xiaomi အတွက်ကိုလည်း တစ်နှစ်အာမခံ ဆိုင်ကပေးတယ်။service ပိုင်းနဲ့ပတ်သက်ပြီး ပိုပြီးတော့ ဝန်ဆောင်မှုပေးနိုင်အောင် ကြိုးစားနေပါတယ်။

Q Smarphone တစ်လုံးဝယ်မယ်ဆိုရင် ဘယ်လိုဖုန်းမျိုးကို ဝယ်သင့်ပါလဲ။

A ဖုန်းတစ်လုံးမဝယ်ခင် ကိုယ်မှာရှိတဲ့ငွေပမာဏကိုကြည့်ရမယ်။ ကိုယ်ရဲ့ငွေပမာဏနဲ့ ကိုက်ညီမယ့်ဖုန်း brand ကိုကြည့်သင့်တယ်။ဒါမှမဟုတ် ကိုယ်က brand ရွေးတဲ့သူဆိုရင်တော့ ကိုယ်လိုချင်တဲ့ brand ထဲကကိုယ်ငွေကြေးနဲ့ကိုက်ညီတဲ့ ဖုန်းကိုရွေးသင့်တယ်။ဒါမှမဟုတ် ကိုယ်က brand မရွေးဘူးဆိုရင် ကိုယ်ကဘယ်ပိုင်းကို အဓိကသုံးချင်တာလဲ Camera လား Camera ဆိုရင် selfie ကိုအဓိကထားတဲ့ ဖုန်းတွေရှိလာတယ်။Screen size ကိုအဓိကထားတဲ့ဖုန်းတွေလဲရှိတယ်။ဖုန်းတစ်လုံးဝယ်မယ်ဆိုရင် အခုနောက်ပိုင်း မြန်မာလိုရေးတဲ့ review တွေလည်းရှိနေပြီဖြစ်တဲ့အတွက် လေ့လာလိုရပါတယ်။

Q root ဖောက်တာနဲ့ပတ်သက်ပြီး အစ်ကိုအမြင်ကိုပြောပြပေးပါလား။

A ကျွန်တော်တို့ကြုံရတဲ့root ဖေါက်ပြီးသုံးချင်တဲ့သူတွေက မြန်မာဖောင့်လိုချင်တဲ့သူတွေရယ်၊ ဂိမ်းတွေမှာ CRACK တွေကို ဆော့ချင်လို့ ဂိမ်းထဲမှာရှိတဲ့ဂိမ်း ကွိုင်တွေကို ခိုးပြီးဆော့ချင်လို့ ၊ cpu တွိ လုပ်တာတို့ ဒီ system နဲ့ပတ်သက်ပြီး ပိုကလိချင်တဲ့သူတွေက root ဖေါက်ချင်ကြတယ်။ အခုနောက်ပိုင်းတွေက ဇော်ဂျီဖောင့်သုံးလိုရဲပြီိ ဖြစ်တဲ့အတွက် မြန်မာဖောင့်သမားတွေကတော့ root မဖောက်ကျတော့ဘူး။

Q အစ်ကိုအနေနဲ့ iOS နဲ့ Andriod ကိုဘယ်ဟာပိုအဆင်ပြေလဲ။

A ကျွန်တော်အနေနဲ့ ပြောရရင် iOS ကိုပိုကြိုက်တယ်၊ Smartphone ရောင်းတဲ့သူတစ်ယောက်အနေနဲ့ ဆိုရင်တော့ နှစ်မျိုးလုံးသူအပိုင်းနဲ့သူအဆင်ပြေပါတယ်။ Daily use အတွက်ကတော့ iOS ကိုပဲသုံးဖြစ်တယ်။ iOS ကျတော့ system အနေနဲ့ပိုပြီးသုံးရတာ အဆင်ပြေတယ်။ ကျွန်တော်အလုပ်နဲ့ပတ်သက်ပြီး မက်ဆေ့ဂျင်း ဆော့ဝဲတွေအဓိကသုံးဖြစ်တယ်။အဲဒီနှစ်မျိုးလုံးယှဉ်သုံးကြည်ရင် iOS ဘက်ကပိုသုံးလိုကောင်းတယ်။နှစ်မျိုးလုံးမှာတော့ အားသာချက် အားနည်းချက်တွေတော့ရှိပါတယ်။ တချို့ iOS နဲ့ လုပ်လိုအဆင်မပြေတာတွေကို Android နဲ့ သုံးရတာတွေလည်းရှိပါတယ်။

Q လက်ရှိဖုန်းဈေး ကွက်အခြေအနေကိုပြောပြပေးပါလား။

A ဖုန်းဈေးကွက်က တက်လာဖို့ပဲရှိပါတယ်။ မော်ဒယ်အသစ်တွေထွက်တိုင်းလည်း ကိုင်ချင်လာကြတယ်။ ကုမ္ပဏီ တွေကလည်း တစ်ခြားနိုင်ငံတွေနဲ့တန်းတူ တစ်ပြေးညီရောက်အောင် သွင်းလာကြတယ်။ နိုင်ငံတကာမှာနာမည်ကြီး brand အကုန်လုံးကလည်း ဒီမှာဝယ်လိုရပြီ ဖြစ်တဲ့အတွက် ဖုန်းဈေးကွက်ကောင်းလာဖို့ပဲရှိလာပါတယ်။အတက်နှေးလာတာပဲရှိတယ်။ ဆက်ပြီးတက်ဖို့ပဲရှိပါတယ်။

Comments

comments

Top