Playstation Communities Android App ထွက်ရှိ  (Apk Download)

Playstation Communities Android App ထွက်ရှိ  (Apk Download)

Sony ရဲ့ Playstation crazy တွေ အတွက် သတင်းကောင်းတစ်ခုကတော့ Playstation Communities ကို Android App အဖြစ် ထုတ်လုပ်ပေးလိုက်ပြီဖြစ်ပါတယ်။

ဒီ App ရဲ့ အားသာချက်ကတော့ Playstation game တွေကို စွဲစွဲမြဲမြဲ ဆော့ကစားတတ်သူတွေအနေနဲ့ အမျိုးမျိုးသော Community တွေမှာ ပါဝင် ပတ်သတ်နိုင်ပြီး အခြားသော gamer တွေ မျှဝေထားတဲ့ ဂိမ်း အကြောင်းအသေးစိတ်တွေကို သိရှိနိုင်တော့မှာ ဖြစ်ပါတယ်။

Playstatiion community ပေါ်ကို ဝင်ရောက်ခြင်းက ကမ္ဘာ့အနှံ့မှာရှိတဲ့ gamer တွေနဲ့ အပြန်အလှန် ဆက်သွယ်နိုင်ပြီး မသိတဲ့ အချက်တွေမေးလို့ရနိုင်တဲ့အပြင် ဂိမ်းအသစ်တွေထွက်ရှိရင်လည်း အရင်ဆုံး သိရှိ နိုင်မှာဖြစ်ပါတယ်။

ယခင်က Desktop ကနေလည်း Playstation community ပေါ်ကိုဝင်ရောက်နိုင်ပေမယ့် Android App ရဲ့ အားသာချက်ကတော့ message တစ်ခုခုဝင်တိုင်း Feed တစ်ခုခုတက်တိုင်းမှာ ဖုန်းမှာ Notification ပေါ်အောင် ပြုလုပ်ထားလို့ရခြင်းပဲဖြစ်ပါတယ်။

မိမိရဲ့ စမတ်ဖုန်းပေါ်ကနေပဲ Playstation ရဲ့ community တွေပေါ်ကို အလွယ်တကူ ဝင်ရောက်နိုင်ခြင်းက တကယ်ကို စိတ်ကျေနပ်စရာအချက်တစ်ခုဖြစ်ပါတယ်။ Sony အနေနဲ့ ဒီ App ကို တရားဝင် ထုတ်လုပ်လိုက်တာဖြစ်ပြီး Google Play Store ပေါ်မှာ အခမဲ့ ရရှိနိုင်ပြီဖြစ်ပါတယ်။

Community ကိုဝင်ရောက်ဖို့အတွက် Sony account တော့ ဖွင့်ထားဖို့လိုအပ်ပါတယ်။

Google Play Store ပေါ်က Playstation Community ကို ဒီနေရာမှာ Download ရယူပါ။

Ref: AndroidCommunity

Comments

comments

Top