Sony Brand ambassador Bunny phyo နဲ့ တွေဆုံခြင်း

Sony Brand ambassador Bunny phyo နဲ့ တွေဆုံခြင်း

Sony ရဲ့ Brand Ambassador တစ်ဦးဖြစ်တဲ့ အဆိုတော် Bunny Phyo နဲ့ တွေ့ဆုံဖြစ်ခဲ့ပြီး လတ်တလော ထွက်ရှိထားတဲ့ Lucky စီးရီးအကြောင်းနဲ့အတူ သူကြိုက်နှစ်သက်တဲ့ နည်းပညာပစ္စည်းတွေအကြောင်းကိုမေးမြန်းဖြစ်ခဲ့ပါတယ်။

Q Bunny ရဲ့ lucky တေးစီးရေးခွေလေးနဲ့ ပတ်သက်ပြီး ပြောပြပေးပါလား။

lucky က ကျွန်တော်ရဲ့တတိယမြောက် အခွေဖြစ်ပါတယ်။ ၂၀ ၇၏ရက်နေ့က လှည်းတန်း စင်တာမှာ ပရိုမိုးရှင်းပွဲနဲ့အတူ တစ်နိုင်ငံလုံးကိုဖြန်ချိခဲ့တယ်။ ခွေထဲမှာသီချင်းအားလုံးပေါင်း ၁၁ ပုဒ်ပါတယ်။ featး အနေနဲ့ စိုင်းစိုင်းခမ်းလှိုင်၊ G fatt ၊ အမရာဖုန်း၊ တေးရေးတွေက ကျွန်တော်ပါပဲ၊ Rap စာသားကိုတော့ဆိုတဲ့သူကိုယ်တိုင်ရေးတယ်။ကျွန်တော်ဒီခွေကို အရင်ခွေတွေထက်ပိုပြီး အားရတယ်။

Q Bunny ဘာဖုန်းတွေကိုင်လည်း ဆိုတာပြောပြပေးပါလား။

sony xperia ဖုန်းတွေသုံးတယ်။ iphone သုံးတယ်။

Q Sony ရဲ့ Band ambassador  တစ်ယောက်အနေနဲ့ sony ရဲ့ ဘာပစ္စည်းတွေသုံးဖြစ်လဲ။

sony နဲ့ မနှစ်ကစပြီး အလုပ်တွေတွဲလုပ်ဖြစ်တယ်။ Sony ရဲ့ headphone ambassador အနေနဲ့အလုပ်တွေ အတူတူလုပ်ဖြစ်တယ်။ အဲအချိန်ကတည်းက သူတို့ product test အနေနဲ့ပေးတဲ့ headphone တွေ earphone တွေစသုံးတယ်။ ကိုယ်တိုင်ကလည်း အမြဲသီချင်းတွေနားထောင်ဖြစ်တဲ့အတွက် သီချင်းနားထောင်ရင် heardphone တွေ earphone တွေသုံးအမြဲတမ်းတက်နေရတော့ အရည်အသွေးကအရေးကြီးတယ်။ sony heardphone တွေကအရည်အသွေးကောင်းတော့ အဆင်ပြေတယ်။

Q ဖုန်းကိုဖုန်းပြောတာအပြင် အခြားဘာတွေသုံးဖြစ်လဲ။

ဓါတ်ပုံတွေကို Design လုပ်ဖြစ်တယ်။ ကျွန်တော်က သီချင်းဆိုတာအပြင်နောက်တစ်ခု ဝါသနာပါတာက Design နဲ့ ဓါတ်ပုံဆိုတော့ အဲဒါကိုလုပ်ဖြစ်တယ်။

Q ITပစ္စည်းတွေထဲမှာ ဘာတွေသုံးဖြစ်လဲ။

ကျွန်တော်က Gadget တွေ ကိုစိတ်ဝင်စားတယ်။ဝယ်လည်း ဝယ်ဖြစ်တယ်။တချို့ ဒီမှာမရှိတာတွေကို youtube မှာရှာကြည့်ဖြစ်တယ်။

Comments

comments

Top