စမ်းသပ်မှုမှာ ပျက်ကျခဲ့လို့ တစ်ကမ္ဘာလုံးကို မြန်နှုန်းမြှင့်အင်တာနက်ပေးမယ့် Facebook ရဲ့ Aquila Drone ကို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေ

Facebook က ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ထောက်ပံ့မှု အစီအစဉ်အတွက် အဓိက ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Facebook ရဲ့ Aquila Drone ဟာ ပထမဆုံးစမ်းသပ်မှုမှာတင် ပျက်ကျခဲ့တာကြောင့် အမျိုးသား သယ်ယူပို့ဆောင်မှု လုံခြုံရေးဘုတ်အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ Facebook ဟာ ဒီပျက်ကျမှုနဲ့ ပါတ်သက်ပြီး Facebook က အချက်အလက် အနည်းငယ်သာ ထုတ်ဖော်သေးပြီး သတင်းတစ်ရပ်အရတော့ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ တစ်လ၊ နှစ်လအတွင်း ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

facebook-aquila-drone2

သတင်းတွေအရ Facebook ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ရက်နေ့တုန်းက Aquila ရဲ့ ပထမဆုံး စမ်းသပ်မှုကို ပြည့်စုံအောင်မြင်အောင် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဒရုန်းလေယာဉ်တွေနဲ့အတူ တစ်နေ့နေ့မှာ တစ်ကမ္ဘာလုံးကို အင်တာနက် ထောက်ပံ့ပေးနိုင်ဖို့အတွက် ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။ အဆိုပါအောင်မြင်မှုဟာ Mark Zuckerberg ရဲ့ အဖွဲ့ဝင်တွေရဲ့ ဇွန်လ ၂၈ရက်နေ့တုန်းက ပြုလုပ်မိတ်ဆက်ခဲ့တဲ့ အရည်အသွေးမမီသေးတဲ့ အောင်မြင်မှုအပေါ် အခြေခံထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

လေယာဉ်ပျက်ကျမှုကို မှတ်တမ်းတင်ဓာတ်ပုံ ရှစ်ပုံရိုက်ကူးနိုင်ခဲ့ကြောင်း Facebook ရဲ့ အင်ဂျင်နီယာဘလော့ဂ်မှာ ရေးသားထားခဲ့ပါတယ်။ ဒီပျက်ကျမှုအတွက် ထိခိုက်ဒဏ်ရာရသူမရှိပဲ မြေပြင်မှာလည်း ထိခိုက်မှုမရှိခဲ့ကြောင်း သိရပါတယ်။ လေယာဉ်ကတော့ ထိခိုက်မှု အများအပြားရှိခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

Facebook က အသေးစိတ်အချက်အလက်တွေကို ထပ်မံထုတ်ပြန်ပေးဖို့ ငြင်းဆန်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့ပါတယ်။ ရလဒ်ဆိုးခဲ့ပေမယ့် Aquila ကတော့ ရပ်တန့်သေးဖွယ်မရှိပါဘူး။

လေယာဉ်ကို နောက်ဆုံးပေါ် ကာဘွန်ဖိုက်ဘာနည်းပညာနဲ့ ပြုလုပ်ထားတာဖြစ်ပြီး အပေါ့ပါးဆုံးဖြစ်အောင် ဒီဇိုင်းထုတ်ထားတာကြောင့် သူတို့အနေနဲ့ ပါဝါအနည်းဆုံး အခြေအနေမှာတောင် လေထဲမှာ နေနေနိုင်မှာ ဖြစ်ပါတယ်။

facebooke-aquila-drone3

Facebook ရဲ့ ဒရုန်းတွေဟာ ၁၄၁ပေရှည်လျားပြီး အလေးချိန်အနေနဲ့ ၄၀၈ကီလိုဂရမ်သာရှိမှာပါ။ Aquila ဟာ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး လပေါင်းများစွာကြာအောင် ပျံသန်းနိုင်မှာ ဖြစ်ပြီး ဘက်ထရီတွေဟာ ပေခြောက်သောင်းအမြင့်မှာ တည်ရှိနေအောင် စွမ်းအင်ပေးနိုင်မှာပါ။ လေဆာဆက်သွယ်ရေးစနစ်ကို တပ်ဆင်ထားတာကြောင့် လက်ရှိနည်းပညာထက် ၁၀ဆမြန်ဆန်တဲ့ အမြန်နှုန်းနဲ့ ဒေတာတွေကို သယ်ယူပို့ဆောင်ပေးနိုင်မှာ ဖြစ်တယ်လို့ Facebook ကဆိုပါတယ်။

Ref: The Verge, Live Mint

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top