လင်းယုန်ငှက်တွေရဲ့ တိုက်ခိုက်မှုကြောင့် Drone (၉) ခုနဲ့ ဒေါ်လာ(၁) သိန်းကျော်ဖိုးဆုံးရှုံးခဲ့

လင်းယုန်ငှက်တွေရဲ့ တိုက်ခိုက်မှုကြောင့် Drone (၉) ခုနဲ့ ဒေါ်လာ(၁) သိန်းကျော်ဖိုးဆုံးရှုံးခဲ့

St Ives Mine လို့အမည်ရတဲ့ သြစတြေးလျနိုင်ငံတွင်းက Gold Mine ကုမ္ပဏီတစ်ခုဟာ လင်းယုန်ငှက်တွေကြောင့် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့တယ်လို့သိရပါတယ်။ ၄င်းတို့ရဲ့ Drone (၉)ခုကို လင်းယုန်ငှက်တွေက တိုက်ခိုက် ဖျက်စီးခဲ့တာဖြစ်ပြီး Drone တွေနဲ့ တပ်ဆင်ထားတဲ့ ကင်မရာတွေက တန်ဖိုးကြီးမားတဲ့အတွက် ဒေါ်လာ (၁) သိန်းကျော်ဖိုး ဆုံးရှုံးခဲ့ရတယ်လို့ Tech Times မှာဖော်ပြထားပါတယ်။

တိုက်ခိုက်ဖျက်စီးခံခဲ့ရတဲ့ Drone တွေဟာ Trimble UX5 အမျိုးအစားတွေဖြစ်ပြီး တစ်ခုကို ဒေါ်လာ (၁၀၀၀၀) တန်ကြေးရှိပါတယ်။ ဒါတင်မကသေးပါဘူး။ Drone တွေမှာ တပ်ဆင်ထားတဲ့ ကင်မရာတွေဟာလည်း တစ်ခုကို ဒေါ်လာ (၁၀၀၀၀) တန်တွေဖြစ်တယ်လို့ ဖော်ပြထားတဲ့အတွက် Drone တစ်ခုစီရဲ့ စုစုပေါင်းတန်ဖိုးဟာ ဒေါ်လာ (၂၀၀၀၀) ဖြစ်ပါတယ်။ ဖော်ပြချက်မှာ ဒေါ်လာ (၁) သိန်း ကျော်လို့သာ ရေးသားထားပေမယ့် တကယ်တမ်း ဆုံးရှုံးမှုဟာ ဒေါ်လာ (၂) သိန်းနီးပါး ဖြစ်ပါတယ်။

Mine surveyor တစ်ဦးဖြစ်တဲ့ Rick Steven ရဲ့ ပြောကြားချက်အရ လင်းယုန်ငှက်တွေဟာ သြစတြေးလျ နိုင်ငံတွင်းက UAV(unnamed ariel vehicle) တွေအတွက် သဘာဝရန်သူတွေဖြစ်ပြီး လေထဲမှာ ပျံဝဲနေတဲ့ အရာမှန်သမျှကို လိုက်လံတိုက်ခတ်တတ်ကြတာဖြစ်တဲ့အတွက် ၄င်းအနေနဲ့ ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့ အကြိမ်ပေါင်းများစွာကြိုးစားခဲ့ဖူးတယ်လို့ သိရပါတယ်။

Steven ဟာ လင်းယုန်တွေရန်က ကင်းဝေးစွာနဲ့ Drone တွေကို ပျံ့သန်းနိုင်မယ့် အကြံညဏ်ကောင်းတစ်ခုကို တွေ့ရှိခဲ့ပြီး လက်တွေ့အသုံးချခဲ့ပါသေးတယ်။ အဲ့ဒီ idea ကတော့ လင်းယုန်တွေရဲ့အမြင်မှာ Drone တွေကို လင်းယုန်ပေါက်လေးတွေအဖြစ် မြင်စေဖို့ဖြစ်ပါတယ်။ ၄င်းရဲ့ ပြောကြားချက်အရ ဒီ idea ဟာ အစပိုင်းမှာတော့ အလုပ်ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လင်းယုန်တွေဟာ လင်းယုန်ပေါက်တွေမဟုတ်မှန်း သိရှိသွားခဲ့ပြီး အခုလို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အခုလိုဆုံးရှုံးမှုမျိုးထပ် အဖြစ်မခံနိုင်တဲ့အတွက် Drone ပျံသန်းမှုအစီအစဉ်တွေကို ဖျက်သိမ်း လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။

Ref: TechTimes

Comments

comments

Top