Earphone crazy လိုပြောတဲ့ ရွှေမြင့်မိုရ် နဲ့တွေ့ဆုံခြင်း(Photo Gallary)

ရွှေမြင့်မိုရ် နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

This slideshow requires JavaScript.

Q လတ်တလော အနုပညာလှုပ်ရှားလေးတွေကို ပြောပြပေးပါလား။

Photo model ပဲ လောလောဆယ် လုပ်ဖြစ်နေတယ်။ကြော်ငြာတွေရိုက်ထားတယ်။ ဂျာနယ်မျက်နှာဖုံးတွေ ရိုက်ဖြစ်တယ်။ Mtv တွေရိုက်ထားတယ်။ မြဝတီ channel နဲ့ လဲတော်တော် များများ ရိုက်ထားတယ်။ နယ်ကားတွေလဲ ရိုက်ဖို့ရှိပါတယ်။ နောက်လထဲမှာ ရုပ်ရှင်ကားကြီး ရိုက်ဖို့လဲရှိပါတယ်။

Q လတ်တလော ကိုင်ထားတဲ့ဖုန်းကိုပြောပြပေးပါလား။

Samsung S 6 edge ကိုင်ထားပါတယ်။အရမ်းလဲကြိုက်တယ်။ ဓာတ်ပုံရိုက်လိုလဲ အရမ်းကောင်းတယ်။ အကြမ်းလဲ ခံတယ်။ဖုန်းက လွတ်ကျတာ ၃ခါ ရှိပြီဘာမှ မဖြစ်ဘူး။

Q ဖုန်းကိုတစ်နေ့တာ မှာ ဘယ်လို အသုံးပြုဖြစ်လဲ။

ဖုန်းကတော့ ညီမအတွက် မရှိမဖြစ်အရာတစ်ခုပါ ။ဘယ်သွားသွား ယူတယ်။ အဓိကတော့ အလုပ်နဲ့ ပတ်သက်တာတွေကို ဖုန်းထဲမှာမှတ်ထားတော့ အလုပ်ကိစ္စအတွက်ဖုန်းပြောတယ်။ ဓာတ်ပုံရိုက်တယ်။

Q IT ပစ္စည်းတွေထဲမှာ တစ်ခြားဘာတွေ သုံးဖြစ်လဲ။

Earphone သုံးတယ်။ ညီမက earphone crazy ဘယ်သွားသွား သီးချင်းနားထောင် ဖြစ်တယ်။ ipad သုံးတယ်။ ipad ကို facebook အဓိက သုံးဖြစ်တယ်။ ဓာတ်ပုံတွေ သိမ်းတယ်။

ဖြေကြားပေးခဲ့တဲ့ ရွှေမြင့်မိုရ်ကို ကျေးဇူးတင်ရှိပါတယ်။

Comments

comments

Top