Oppo F1s နဲ့ Samsung S6 သုံးတယ်ဆိုတဲ့ Angel Lamung နဲ့တွေ့ဆုံခြင်း

Oppo F1s နဲ့ Samsung S6 သုံးတယ်ဆိုတဲ့ Angel Lamung နဲ့တွေ့ဆုံခြင်း

Miss တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာပြီး အခုအချိန်မှာ သရုပ်ဆောင် တစ်ယောက်အဖြစ်ပါ ရပ်တည်နေပြီ ဖြစ်တဲ့ Angel Lamung နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။

Q အိန်ဂျယ်ရဲ့ လက်တလော အနုပညာ လှုပ်ရှားမှု ….

2017 အတွက်ပြက္ဒိန်တွေ ရိုက်ဖြစ်တယ်။ ဘေဘုတ်တွေ ရိုက်ဖြစ်တယ်။ ရုပ်ရှင်ကားကြီးတစ်ကားလည်း ရိုက်ထားတယ်။ မင်းသားက ပြေတီဦး မင်းသမီးက အိန်ဂျယ် အပါအဝင် (၅)ယောက်ပါ ဇာတ်ကားနာမည်က အတ္တမိုး၊ ဒီဇာတ်ကားမှာ အိန်ဂျယ်က ဆေးကျောင်းသူဆရာဝန်တစ်ယောက်ပုံစံနဲ့ သရုပ်ဆောင်ထားပါတယ်။ဇာတ်ကားလေးထွက်ရင် အားပေးကြပါနော်။

Q အခုလက်ရှိ အိန်ဂျယ် ကိုင်တဲ့ဖုန်းတွေကိုပြောပြပေးပါလား။

OPPO F1s,Samsung S6 ကိုင်ပါတယ်။ ဖုန်းနှစ်လုံးလုံးက အိန်ဂျယ်နဲ့ အဆင်ပြေတယ်။OPPO F1s  ဆိုရင်ကိုယ်ပဲ ကြော်ငြာကောင်းလို့လားမသိဘူး အိန်ဂျယ်အသိတွေနဲ့          မိသားစုတွေအားလုံးသုံးကြတယ်။ဈေးနှုန်းကလည်းမြန်မာနိုင်ငံနဲ့သင့်တယ်။ ။ အရမ်းလည်းသုံးလိုကောင်းတယ်။ဓာတ်ပုံရိုက်ရတာလဲ အရမ်းကောင်းတယ်။ ဘတ္ထရီလဲ အရမ်းခံတယ်။ဖုန်းသုံးတာကြာလဲ မပူဘူး။ Samsung ကို ဒီဇိုင်းကြိုက်တယ်။ ပါးလဲပါးတယ်။ သုံးလို့လည်းကောင်းတယ်။

Q ဖုန်းကို ကိုယ့်ရဲ့ တစ်နေ့တာအတွက် ဘယ်လိုသုံးဖြစ်လဲ။

အများဆုံးတော့ ဓာတ်ပုံရိုက်တယ်။ ဖုန်းပြောတယ်။ အင်တာနက်သုံးတယ်။

Q အပြင်ထွက်ရင်ယူသွားဖြစ်တဲ့  IT ပစ္စည်းတွေကိုပြောပြပေးပါလား။

ဖုန်းကိုပဲ မပါမဖြစ်ယူသွားပါတယ်။

 

Comments

comments

Top