iOS User တွေအတွက် ခရစ္စမတ်မတိုင်ခင် ထွက်ရှိမယ့် Super Mario Run

Apple User တွေ စောင့်မျှော်နေတဲ့ သတင်းကောင်း ထွက်ပေါ်လို့လာပါပြီ။ လာမယ့် ခရစ္စမတ် မတိုင်ခင် ဒီဇင်ဘာလ (၁၅) ရက်နေ့မှာ Super Mario Run ကို ဆော့ကစားနိုင်တော့မှာ ဖြစ်တယ်လို့ Nitendo က တိတိကျကျ ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကကျင်းပခဲ့တဲ့ Apple ရဲ့ iPhone 7 မိတ်ဆက်ပွဲမှာ Nitendo အနေနဲ့ Super Mario Run ကို မိတ်ဆက်ခဲ့ပြီး   iPhone, iPad နဲ့ iPod touch User တွေ ရဲ့ စိတ်ဝင်စားမှုကို ရယူခဲ့ပါတယ်။ စတင်မိတ်ဆက်ကတည်းက App Store ပေါ်မှာရောက်ရှိနေပေမယ့် Download ရယူလို့မရသေးဘဲ  ကြော်ငြာသက်သက်အနေနဲ့သာ ရှိနေခဲ့တာဖြစ် ပြီး စိတ်ဝင်စားတဲ့ သူတွေအတွက် ထွက်ရှိတာနဲ့ ချက်ချင်း သိရအောင် Notify ဆိုတဲ့ button လေးထားပေးထားခဲ့တာဖြစ်ပါတယ်။  အခုအချိန်မှာတော့ Nitendo အနေနဲ့ ဒီဇင်ဘာလ (၁၅) မှာ ထွက်ရှိမယ့်အကြောင်းကို App Store ပေါ်မှာပါ တရားဝင်ကြေညာ လိုက်တာ ဖြစ်ပါတယ်။

Super Mario Run မှာ အင်္ဂလိပ်၊ ဂျပန်၊ ဂျာမန်၊ ပြန်သစ်၊ စပိန်၊ ပေါ်တူဂီ၊ အီတလီ၊ ဒတ်ခ်ျ၊ ရုရှား နဲ့ တရုတ်ရိုးရာ ဘာသာစကားတို့ကို ထည့်သွင်းပေးထားပြီး နိုင်ငံပေါင်း (၁၅၁) နိုင်ငံမှာ Download ရယူနိုင် မှာဖြစ်ပါတယ်။ iOS 8.0 နဲ့ အသုံးပြုထားတဲ့ iPhone , iPad နဲ့ iPod Touch တို့မှာဆော့ကစား နိုင်မှာ ဖြစ်ပြီး ဂိမ်းအပြည့်အစုံကိုဆော့ကစားနိုင်ဖို့ ဒေါ်လာ (၁၀) ပေးသွင်းရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Ref: Engadget

Comments

comments

Top