US မှာ (၁၀) ရက်အတွင်း အလုံးရေ (၂) သိန်းရောင်းကုန်ခဲ့တဲ့ LG V20

LG ရဲ့ နောက်ဆုံး ထွက် စမတ်ဖုန်းဖြစ်တဲ့ LG V20 ကို ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းမှာ US မှာစတင်ရောင်းချခဲ့ပြီး စတင်ရောင်းချတဲ့ (၁၀)ရက်အတွင်းမှာ အလုံးရေ (၂) သိန်းရောင်းကုန်ခဲ့တယ် လို့သိရပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ နှစ်က ရောင်းချခဲ့တဲ့ LG V10 ထက် ရောင်းအား (၂) ဆ သာလွန်ခဲ့တာ လည်းဖြစ်ပါတယ်။

Korea Brand တစ်ခုအနေနဲ့ US မှာ ဒီလောက်အထိ ရောင်းရတယ်ဆိုတာ ကြီးမားတဲ့ အောင်မြင်မှု တစ်ခုဖြစ်ပြီး mobile ဖုန်းနဲ့ အရည်အသွေးမြင့်တဲ့ Video တွေ ရိုက်ကူးချင်တဲ့ အမေရိကန်လူငယ်တွေ အများဆုံး ဝယ်ယူတာကြတာဖြစ်ပါတယ်။

LG V20 ရဲ့ specs တွေကတော့

  • Android 7.0 (Nougat)
  • 5.7-inch Quad HD display
  • Qualcomm Snapdragon 820 processor
  • 4GB RAM
  • 64GB internal storage with up to 2TB expanded via microSD
  • 3200mAh battery
  • fingerprint scanner
  • dual main camera (16MP and 8MP) plus a front-facing 5MP camera

LG V20 ဟာ 32-bit Hi-Fi Quad digital to analog Converter (DAC) ပါဝင်တဲ့ ပထမဦးဆုံး စမတ်ဖုန်းဖြစ်ပြီး ဈေးနှုန်းက တော့ ဒေါ်လာ (၈၀၀) ဝန်းကျင်ဖြစ်ပါတယ်။

Ref : AndroidCommunity

Comments

comments

Top