Chrome ဘရောက်ဆာကို ပစ္စည်းပေါင်း ၂ ဘီလီယံမှာ install ပြုလုပ်အသုံးပြုနေပြီလို့ Google ကြေညာ

Google ကနေ ထုတ်လုပ်တဲ့ Chrome ဘရောက်ဆာဟာဆိုရင်တော့ အောင်မြင်မှု မှတ်တိုင်တစ်ခုကို စိုက်ထူလိုက်နိုင်ပါပြီ။ ကွန်ပျူတာနဲ့ မိုဘိုင်းလ်ဖုန်းနဲ့ တစ်ခြားစမတ်ပစ္စည်း ၂ ဘီလီယံကျော်မှာ Chrome ဘရောက်ဆာကို install ပြုလုပ်အသုံးပြုနေပြီဖြစ်တယ်လို့ Chrome ရဲ့ အင်ဂျင်နီယာ ဒုဥက္ကဌ Drain Fisher က ၂၀၁၆ ခုနှစ်ရဲ့ Chrome Developer Summit မှာ ကြေညာခဲ့တာပါ။

နောက်ထပ်သတင်းကောင်းတစ်ခုကတော့ Chrome Browser ကို Install ပြုလုပ်ထားတဲ့ ပစ္စည်းပေါင်း နှစ်ဘီလီယံလုံးမှာလည်း Chrome ဟာ active ဖြစ်စွာနဲ့ အသုံးပြုခြင်းကို ခံနေရတာဖြစ်ပါတယ်။ ဧပြီလတုန်းကတော့ chrome ဟာ active user တစ်ဘီလီယံခန့်သာ ရှိနေခဲ့ရာကနေ အခုလိုပဲ ခုန်တက်လာခဲ့တာပါ။

Chrome ဟာ ဆိုရင်တော့ ၂၀၀၈ ခုနှစ်မှာ Window စနစ်သုံး ကွန်ပျူတာတွေအတွက် Google က စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး နောက်ပိုင်း Android စနစ် ကျယ်ပြန့်လာချိန်မှာတော့ Google က Default ဘရောက်ဆာအနေနဲ့ Android စနစ်သုံး မိုဘိုင်းလ်ပစ္စည်းတွေမှာ ထည့်သွင်းပေးခဲ့တာကြောင့် အချိန်တိုအတွင်း ပိုပြီး အောင်မြင်လာခဲ့တာဖြစ်ပါတယ်။

Google ဟာဆိုရင်တော့ လောလောဆယ်မှာ အသုံးပြုသူ တစ်ဘီလီယံကျော်ရှိနေတဲ့ product ခုနစ်ခုအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါတွေကတော့ Gmail, Maps, Google Search, Youtube, Google Play Store, Android စနစ်နဲ့ Chrome ဘရောက်ဆာတို့ဖြစ်တယ်လို့ သိရပါတယ်။

 

Ref : Android Authority

Comments

comments

Paing A K
Paing A K is just a normal boy.
http://digitaltimes.com.mm/author/Kevin
Top