iPhone 6s နဲ့ 6s Plus အပါအဝင် ပြင်ဆင်မွမ်းမံထားတဲ့ iPhone တွေကို Apple ရောင်းချနေ

ကုမ္ပဏီသမိုင်းရဲ့ ပထမဆုံးအဖြစ် Apple ဟာ ပြန်လည် ပြင်ဆင်မွမ်းမံထားတဲ့ iPhone တွေကို အွန်လိုင်းစတိုးတွေကနေတစ်ဆင့် ဈေးနှုန်းလျှော့ချပြီး ရောင်းချနေတယ်လို့ သိရပါတယ်။ တချို့မော်ဒယ်တွေကို Discount အနေနဲ့ ထပ်မံထည့်သွင်းထားသေးတာကြောင့် iPhone မော်ဒယ်အသစ်တွေဟာ ဈေးအနည်းဆုံးအဖြစ်နဲ့ ရရှိနိုင်အောင် ပြုလုပ်ထားတာဖြစ်ကြောင်း ဆိုပါတယ်။

ဒါပေမယ့် ဒီရောင်းချတဲ့ ဖုန်းတွေထဲမှာ iPhone SE, iPhone 7 နဲ့ iPhone 7 Plus တို့လို ပြီးခဲ့တဲ့ စက်တင်ဘာလက ထုတ်လုပ်ထားတဲ့ နောက်ဆုံးထွက်မော်ဒယ်တချို့တော့ မပါဝင်ကြောင်းသိရှိရပါတယ်။

iphone-6s-refurblished-model2

တကယ်လို့ သင့်အနေနဲ့ မော်ဒယ်အဟောင်းတချို့ကို ကိုင်ရတာအဆင်ပြောနိုင်တယ်ဆိုရင်တော့ သင့်အတွက် တန်ဖိုးနည်းနည်းနဲ့ ဝယ်ယူနိုင်မှာပါ။ ဒီအထဲမှာ 16GB မော်ဒယ် iPhone 6s ကို သာမန်တန်ဖိုးထက် ဒေါ်လာ ၈၀လျော့နည်းတဲ့ ဒေါ်လာ ၄၅၀၊ iPhone 6s Plus ရဲ့ 64 GB မော်ဒယ်ကိုတော့ ဒေါ်လာ 590 နဲ့ရောင်းချတာဖြစ်ပါတယ်။ ဒါဟာဆိုရင်လည်း သာမန်မော်ဒယ်ထက် ဒေါ်လာ ၁၁၀ လျှော့ပြီးရောင်းချထားတာပါ။

ဒီလိုဈေးလျှော့ပြီးရောင်းချနေတဲ့အကြောင်းကို Apple က သူတို့ဝက်ဘ်ဆိုက်မှာ “ကျွန်တော်တို့အနေနဲ့ စမ်းသပ်စစ်ဆေးပြီး အရည်အသွေးမှီတဲ့ Apple ရဲ့ပြင်ဆင်ထုတ်ကုန်တွေကို တစ်နှစ်အာမခံနဲ့ ရောင်းချနေပါတယ်။ ပြင်ဆင် iPhone မော်ဒယ်တွေမှာ ဘက်ထရီအသစ်နဲ့ အပြင်ပိုင်းအကာအသစ်တွေပါဝင်ပါတယ်။” လို့ရေးသားထားကြောင်း 9to5Mac ကဆိုခဲ့ပါတယ်။

iphone-6s-refurblished-model4

ပြင်ဆင်မော်ဒယ်တွေမှာ ဘက်ထရီထုတ်ကုန်အသစ်နဲ့ Outer Shell အသစ်တွေပါဝင်တာကြောင့် သင့်အနေနဲ့ Brand New ပစ္စည်းကိုကိုင်နေရသလို ဖြစ်နေမှာပါ။ ပစ္စည်းတွေဟာ Unlock လုပ်ပြီးဖြစ်ပြီး SIM ကဒ်ကိုလည်း Free အနေနဲ့ ထည့်သွင်းပေးထားတာပါ။ ပြင်ဆင်ဖုန်းတွေကို အရောင်စုံ၊ ဆိုဒ်စုံနဲ့ ရရှိနိုင်ကြောင်းလည်း သိရပါတယ်။

iphone-6s-refurblished-model3

Ref: Techno Buffalo

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top