iPhone 7 နဲ့ 7 Plus တွေကို Jet White ဆိုတဲ့အရောင်သစ်တစ်မျိုး ထပ်တိုးထုတ်လုပ်ဖို့ရှိနေ

Apple ဟာ ဒီနှစ်ထဲမှာ ထွက်ထားတဲ့ နောက်ဆုံးမျိုးဆက် iPhone 7 စီးရီးတွေထဲမှာ အရောင်အသစ်အနေနဲ့ Jet Black ဆိုတဲ့ အရောင်တစ်မျိုးကို ထပ်မံထည့်သွင်းထုတ်လုပ်ခဲ့ပါတယ်။ Apple အနေနဲ့ ဒီမော်ဒယ်အတွက် 128 GB နဲ့ 256 GB မော်ဒယ်ဆိုပြီး နှစ်မျိုးသာ ထုတ်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ထွက်လာတဲ့ သတင်းသစ်တစ်ရပ်အရ၊ iPhone တွေကို နောက်ထပ်အဆင့်မြှင့် အရောင်အမျိုးအစားတစ်ခုအနေနဲ့ ထပ်မံထုတ်လုပ်ဦးမယ်လို့ သိရပါတယ်။ မကြာခင်ကာလအတွင်းမှာ Apple အနေနဲ့ “Jet White” လို့ခေါ်တဲ့ အရောင်အမျိုးအစားအသစ်တစ်မျိုးနဲ့ iPhone မျိုးဆက်မှာ မပါဝင်သေးတဲ့ အရောင်ကွဲတစ်မျိုးကို ထည့်သွင်းထုတ်လုပ်သွားဖို့ရှိနေကြောင်း ကောလာဟလတွေက ဆိုခဲ့တာပါ။

Jet White ဟာ iPhone 7 နဲ့ iPhone 7 Plus တွေကို Jet White အရောင်နဲ့ မြင်တွေ့ရမယ်ဆိုရင်တော့ တကယ်မိုက်မယ်လို့ ထင်ပါတယ်။ Apple အနေနဲ့ အရောင်းနှေးနေတဲ့ သူတို့ရဲ့ ဖုန်းရောင်းအားကို အရောင်သစ်တစ်မျိုးနဲ့ ပြန်လည်မြှင့်တင်မယ့်လုပ်ဆောင်ချက် လို့လည်း မြင်နိုင်ပါတယ်။

ဒါပေမယ့် iPad Generation တွေအတွက်လည်း နောက်ပိုင်းမှာ Jet Black နဲ့ Jet White အရောင်တွေကို ထည့်သွင်းထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Ref: GSM Arena

 

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top