Xiaomi ရဲ့ ထုတ်ကုန်အသစ် အရည်အသွေးမြင့် Mi Portable Mouse

နည်းပညာပစ္စည်းမျိုးစုံကို ထုတ်လုပ်ရောင်းချ အောင်မြင်နေတဲ့ Xiaomi က ၄င်းရဲ့ ထုတ်ကုန်အသစ်အဖြစ် အရည်အသွေးမြင့် Wireless Mouse အမျိုးအစားတစ်ခုကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ Mi Portable Mouse လို့နာမည်ပေးထားတဲ့ ဒီ Mouse ကို (၁၅) ဒေါ်လာ ဈေးနှုန်း နဲ့ တရုတ်ပြည်တွင်းမှာ စတင်ရောင်းချနေပြီ ဖြစ်တယ်လို့သိရပါတယ်။

https-%2f%2fblueprint-api-production-s3-amazonaws-com%2fuploads%2fcard%2fimage%2f274268%2f094611du54doxgdx2oosx9

Bluetooth (ဒါမှမဟုတ်) 2.4G Wireless Adapter နဲ့ ချိတ်ဆက်အသုံးပြုနိုင်ပြီး AA အရွယ်အစား ဓာတ်ခဲ နှစ်လုံးထည့်သွင်းအသုံးပြုရမှာဖြစ်ပါတယ်။ ခန့်ညားလှပတဲ့ curved design နဲ့ ထွက်ရှိလာပြီး Windows 7, 8 နဲ့ 10 အသုံးပြုထားတဲ့ Laptop တွေ PC တွေနဲ့ ချိတ်ဆက်ကာ အကောင်းဆုံးအသုံးပြုနိုင်ပါတယ်။

ပုံစံကိုကြည့်တာနဲ့ Apple Product တစ်ခုလို့ ထင်ရလောက်အောင် Apple product တွေရဲ့ ခန့်ညားမှု ပုံစံအတိုင်း အတုခိုးပြီး ပြုလုပ်ထားသလိုပါပဲ။ Mi Notebook က Apple MacBook Air နဲ့ ဆင်တူသလိုမျိုး အခုထွက်ရှိလာတဲ့ Mi Portable Mouse ကလည်း Apple ရဲ့ Magic Mouse 2 နဲ့ (curved design့ အစ) အတော်လေးကို ဆင်တူပါတယ်။

https-%2f%2fblueprint-api-production-s3-amazonaws-com%2fuploads%2fcard%2fimage%2f274263%2f094028v51dne7e57nvz4vu

Buttons အဖြစ် LEDs နဲ့ Function keys တွေပါဝင်ပြီး အလယ်က groove လေးကအစ အချိုးအစားကျန စွာနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ လက်ရှိမှာတော့ တရုတ်ပြည်တွင်းမှာသာ ဝယ်ယူရရှိနိုင်ပြီး တစ်ကမ္ဘာလုံးကို ဖြန့်ချိမယ့်နေရက်ကိုတော့ မသိရသေးပါဘူး။

Ref: mashable

Comments

comments

Top