တစ်နာရီ (၃၇၃) မိုင်နှုန်း သွားနိုင်တဲ့ သံလိုက်ရထားကို တရုတ်တည်ဆောက်

ကမ္ဘာပေါ်မှာ အကြီးများဆုံးသော Train manufacturer တွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ China Railway Rolling Stock Corporation (CRRC) က သံလိုက်ရထားပုံစံအသစ်တစ်ခုကို စတင်တည်ဆောက် နေပြီဖြစ်ကြောင်း ကြေညာလိုက်ပြီး အဆိုပါရထားဟာ တစ်နာရီကို (၃၇၃)မိုင် {ကီလိုမီတာ ၆၀၀} အမြန်နှုန်းနဲ့ မောင်းနှင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအသုံးပြုနေတဲ့ ကမ္ဘာ့အမြန်ဆုံး ရထားဟာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင်းနဲ့ Pudong နိုင်ငံတကာလေဆိပ်ကြားကို ပြေးဆွဲလျက်ရှိတဲ့ Shanghai Maglev သံလိုက်ရထား ဖြစ်ပြီး တစ်နာရီကို (၂၆၇)မိုင် နှုန်းသာမောင်းနှင်နိုင် ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက Japan နိုင်ငံက maglev ရထားတစ်စင်း ဟာ တစ်နာရီကို (၃၆၆) မိုင်နှုန်းနဲ့ မောင်းနှင်နိုင်ခဲ့တဲ့အတွက် ကမ္ဘာ့စံချိန်ကို ချိုးဖျက်ခဲ့ပြီး စံချိန်သစ်တင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီရထားဟာ infrastructure နဲ့ ကုန်ကျစားရိတ်တွေကြောင့် လာမယ့် (၂၀၂၇) ခုနှစ်ရောက်တဲ့အထိ commercial use ဖြစ်အသုံးပြုနိုင်မှာ မဟုတ်တဲ့အတွက် တရုတ်နိုင်ငံက Shanghai Maglev ဟာ လက်ရှိပြေးဆွဲနေတဲ့ ရထားတွေထဲမှာ ကမ္ဘာ့အမြန်ဆုံးရထားအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။

အခုတည်ဆောက်နေတဲ့ ရထားသာ အောင်မြင်စွာအသုံးပြုနိုင်ခဲ့ရင်တော့ လက်ရှိကမ္ဘာ့အမြန်ဆုံးရထားအဖြစ် သတ်မှတ်ခံရမယ့်အပြင် ကမ္ဘာ့စံချိန်ကိုပါ ချိုးဖျက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref : theverge

Comments

comments

Top