5K နဲ့ 4K ရုပ်ထွက်ရှိတဲ့ UltraFine အမျိုးအစား မော်နီတာသစ်တွေကို LG မိတ်ဆက်

LG ဟာ ရုပ်ထွက်အမိုက်စား မျက်နှာပြင်တွေပါဝင်တဲ့ UltraFine 5K နဲ့ UltraFine 4K ဆိုပြီး မော်နီတာအမျိုးအစားနှစ်မျိုးကို မိတ်ဆက်ခဲ့ပြီး ဒါတွေဟာ Macs တွေနဲ့ တွဲဖက်ပြီးအလုပ်လုပ်ဖို့အတွက် အထူးဒီဇိုင်းထုတ်ထားတာ ဖြစ်ကြောင်း သိရပါတယ်။

UltraFine 5K Display ဟာ Thunderbolt Display ဖြစ်ပြီး မျက်နှာပြင်အကျယ် ၂၇လက်မရှိတဲ့ IPS panel ပါဝင်တဲ့ 5120 x 2880 resolution ရှိမှာပါ။ 500 nit အထိ Maximum Brightness ကိုမြှင့်နိုင်မှာ ဖြစ်ပြီး DCI-P3 Color Space ကိုအသုံးပြုထားပါတယ်။ Display ရဲ့ နောက်ဖက်မှာ USB Type-C Connector ၄ပေါက်ပါဝင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ MacBook Pro အသစ်နဲ့ တပ်ဆင်သုံးစွဲမယ်ဆိုရင် USB ပေါက်တစ်ပေါက်ထဲထည့်သွင်း သုံးစွဲနိုင်မှာပါ။

lg-ultrafine-5k-display1

အဲ့ဒီအပြင် Webcam နဲ့ Speakers တွေကို လည်း တပ်ဆင်ထားပါသေးတယ်။ Display မှာ သင့်အနေနဲ့ 85W ရှိတဲ့ ပါဝါတပ်ထားတာကြောင့် သင့်အနေနဲ့ MacBook Pro ကို Thunderbolt Connection ကနေတစ်ဆင့်လည်း အားသွင်းနိုင်ဦးမှာပါ။ macOS နဲ့ အဆင်ပြေအောင် လုပ်ထားတာကြောင့် သင့်အနေနဲ့ Brightness နဲ့ Volume တွေကို Mac တွေကနေတစ်ဆင့် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

UltraFine 4K Display ကတော့ Thunderbolt Display မဟုတ်ပါဘူး။ သူ့မှာ ၂၁.၅လက်မရှိတဲ့ မျက်နှာပြင် ပါဝင်ပြီး၊ Resolution ကတော့ 4096 x 2304 ရှိမှာဖြစ်ကာ၊ Brightness ကို 500 nit အထိ တင်နိုင်ပါတယ်။ DCI-P3 Color Space ကိုလည်း Support လုပ်ထားပါတယ်။ ကျောဘက်မှာ USB-C input ပါဝင်ပါတယ်။ ဒါဟာဆိုရင် MacBook နဲ့ MacBook Pro တို့လို Macs တွေမှာ ပါဝင်တဲ့ USB Type-C နဲ့ သင့်တော်စေမှာ ဖြစ်ပါတယ်။

lg-ultrafine-4k-display

Apple ရဲ့ Website ရဲ့ ဖော်ပြချက်အရ macOS Sierra 10.12.1 လိုအပ်မှာ ဖြစ်တယ်လို့ သိရပြီး တခြား Type-C Device တွေဖြစ်တဲ့ PC နဲ့ Android စမတ်ဖုန်းတွေမှာ အလုပ် လုပ်မလုပ်ဆိုတာတော့ သေချာမသိရှိရသေးပါဘူး။ Speakers တွေ Built in အနေနဲ့ ပါဝင်ပေမယ့်၊ Webcam တော့ပါဝင်ခြင်းမရှိပါဘူး။ ဒါ့အပြင် 60W ပါဝါကိုလည်း ထောက်ပံ့ပေးထားလို့ Mac တွေကို Type C ကတစ်ဆင့် အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

ဈေးနှုန်းအနေနဲ့ကတော့ UltraFine 5K Display ဟာ ဒေါ်လာ ၁၃၀၀ ရှိမှာ ဖြစ်ပြီး UltraFine 4K Display ကတော့ ဒေါ်လာ ၇၀၀ ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: GSM Arena

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top