လွန်ခဲ့တဲ့ ၁၅နှစ်ရဲ့ ဒီနေ့မှာ iPods တွေကို စတင်မွေးဖွားခဲ့ပါတယ်

လွန်ခဲ့တဲ့ ၁၅နှစ်ရဲ့ ဒီနေ့မှာ iPods တွေကို စတင်မွေးဖွားခဲ့ပါတယ်

လွန်ခဲ့တဲ့ ၁၅နှစ်တာကာလဖြစ်တဲ့ ၂၀၀၁ခုနှစ်၊ အောက်တိုဘာလ ၂၃ရက်နေ့မှာ Steve Jovs ဟာ “1000 Songs in Your Pocket” (သီချင်းအပုဒ် ၁၀၀၀၊ သင့်အိတ်ထောင်ထဲမှာ) ဆိုတဲ့ Slogan နဲ့ အတူ Apple ရဲ့ ပထမဆုံး Original iPod တွေကို စတင်မိတ်ဆက်ခဲ့ပါတယ်။

Steve-Jobs-2001-iPod-release

လုပ်ဆောင်ချက်တွေအနေနဲ့ 5GB Storage Hard Drive, Firewire ဆက်သွယ်မှုနဲ့ iTunes ကနေတစ်ဆင့် သီချင်းတွေကို ရယူနိုင်မှုစတာတွေ ပါဝင်လာခဲ့တာပါ။ ၁.၈လက်မအရွယ်သာရှိတဲ့ Drive ကိုအသုံးပြုထားတာကြောင့် iPod ဟာ အဲ့ဒီအချိန်တုန်းက mp3 Player တွေထဲမှာ အသေးငယ်ဆုံးအဖြစ်စံချိန်တင်ခဲ့ပါတယ်။ Firewire Port ဟာလည်း မြန်နှုန်းမြင့်တဲ့နှုန်းနဲ့ သီချင်းတွေကို အမြန်သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် Original iPod တွေဟာ Macintosh ကွန်ပျူတာတွေမှာသာ အလုပ်လုပ်တာလည်း ဖြစ်ပါတယ်။ ဈေးနှုန်းဒေါ်လာ ၃၉၉နဲ့ ရောင်းချတဲ့ iPod တွေဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ကျော်ကြားခဲ့ပြီး Windows အသုံးပြုသူတွေကပါ iPod တွေနဲ့ ဆက်သွယ်ချိတ်ဆက်လိုခဲ့ကြတာကြောင့် Apple ဟာ Windows ကွန်ပျူတာတွေနဲ့ အလုပ်လုပ်တဲ့ ဒုတိယမြောက်မျိုးဆက် iPod တွေကို iTunes Music Store ကို ကြေညာမှုနဲ့အတူ ၂၀၀၃ခုနှစ်မှာ ထုတ်လုပ်ခဲ့ပါတယ်။

Image result for original ipod 2nd generation

iPod တွေရဲ့ အောင်မြင်မှုအရှိန်အဟုန်ဟာ များစွာကြီးမားခဲ့တာကြောင့် သီချင်းနဲ့ ကွန်ပျူတာလောကကြီးနှစ်ခုလုံးဟာ အချိုးအကွေ့များစွာနဲ့ ပြောင်းလဲသွားခဲ့ပါတယ်။

ipods
iPod မျိုးဆက်များ

Ref: Day in Tech, computer History

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top